DVB Logo
Home
မြန်မာသတင်း
ကျောင်းသားများအတွက် အမှုလိုက်ပေးသည့် ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို ထောင် ၆ လချမှတ်
DVB
·
September 28, 2018
ကျောင်းသားများအတွက် အမှုလိုက်ပေးသည့် ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို ထောင် ၆ လချမှတ်
Donate to DVB

ဒီမိုကရေစီပညာရေးသပိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အကျိုးဆောင် ရှေ့နေလိုက်ပေးခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို ဒီကနေ့ မင်းလှမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ဒေါ်ခင်ခင်ကျော်ဟာ တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက တရားစွဲဆိုခံရတာဖြစ်ပြီး သူ့ကို ဒီကနေ့ အမိန့်ချမှတ်လိုက်တာလို့ တရားခွင်ကိုသွားရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

“ ပုဒ်မ ၂၂၈နဲ့ ထောင် ၆ လချလိုက်တယ်ဗျာ။ ဒါတော်တော်တော့ ပြင်းထန်တယ်ဗျာ။ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ အဃာတနဲ့လုပ်တယ်လို့ပဲ ကျနော်ဒီလိုပဲ သုံးသပ်တယ်ခင်ဗျာ။ ဒေါ်ခင်ခင်ကျော်ဟာ  တရားလွှတ်တော်ရှေ့ နေဖြစ်တယ်။ ဥပဒေဘက်တော်သားဖြစ်တယ်။ ဥပဒေဘက်တော်သားအချင်းချင်း အပြန်အလှန် ကျင့်ဝတ်တွေရှိတယ်။ ဒါတွေအားလုံးကို မျက်ကွယ်ပြုပြီးတော့ ပုဂ္ဂိုလ်ရေး အငြိုးအတေးနဲ့ လုပ်တယ်လို့ပဲ ကျနော်တို့က ရှုမြင်သုံးသပ်တဲ့အတွက် အဲဒီကိစ္စကို ကျနော်တို့ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။ ”

ပြီးခဲ့တဲ့ ၂၀၁၅စက်တင်ဘာ ၁ ရက်က အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်လို့ ရိုက်နှက်ဖမ်းဆီး တရားစွဲခံကြရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေအတွက် ရှေ့နေ ဒေါ်ခင်ခင်ကျော်ကအမှုလိုက်ပေးခဲ့ရာမှာ   ပဲခူးတိုင်း သာယာဝတီမြို့နယ်တရားရုံးမှာ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ တရားသူကြီးတို့ အချေအတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စအပေါ်  ရှေ့နေဒေါ်ခင်ခင်ကျော်ကို သာယာဝတီမြို့နယ်တရားရုံးက ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၂၂၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။  ရှေ့နေဒေါ်ခင်ခင်ကျော်နဲ့ အတူ သူ့ကို ၀န်ရံပေးတဲ့ ကိုသန်းထိုက်ကိုပါ ဒီကနေ့ ဒဏ် ၆ လချမျတ်လိုက်တာဖြစ်ပါတယ်။

Photo: Aye Lea

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013