DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းမျိုးနွယ်စုဘာသာစကား သင်ကြားပေးနိုင်ရေး အကူ ဆရာများခေါ်ယူ
DVB
·
September 27, 2018
တိုင်းရင်းမျိုးနွယ်စုဘာသာစကား သင်ကြားပေးနိုင်ရေး အကူ ဆရာများခေါ်ယူ
Donate to DVB

ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသားမျိုးနွယ်စု ဘာသာစကားတွေ တရားဝင်သင်ကြားပေးနိုင်ဖို့ သင်ကြားရေး အကူဆရာ၊ ဆရာမတွေ စတင်ခေါ်ယူနေပြီလို့ ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်တင်က ပြောပါတယ်။

စက်တင်ဘာ၂၇ ရက်က စစ်တွေမြို့ခရိုင် ပြန်ဆက်ရုံးမှာ ပြုလုပ်တဲ့ ဌာနေတိုင်းရင်း သားစာပေနဲ့ ယဉ်ကျေးမှု အသင်းတွေ တွေ့ဆုံဆွေနွေးပွဲမှာ ပြောကြားခဲ့တာပါ။

လက်ရှိရခိုင်ပြည်နယ်က အခြေခံပညာကျောင်းအချို့မှာ ကျောင်းပြင်ပချိန်အတွင်း ရခိုင်နဲ့ ချင်းတိုင်းရင်း ဘာသာစကားတွေကို သင်ကြားနေတာရှိပေမယ့် ခမီ၊ မြို၊ သက်၊ ဒိုင်းနက် ခေါ်သက္ကမနဲ့ မာရမကြီးစတဲ့ တိုင်းရင်းသားတွေရဲ့ ဘာသာစကားစာပေတွေကတော့ သင်ကြားနိုင်ခြင်း မရှိသေးပါဘူး။

ဆယ်တန်းအောင်မြင်ခဲ့ပေမယ့် ဆက်လက်ပညာသင်ကြားဖို့ ငွေကြေးအခက်အခဲတွေ ရှိနေတာကြောင့် ပညာဆက်လက်မသင်တော့ဘဲ ကလေးတွေကို တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ စာပေတွေတက်မြောက်လာဖို့ အခမဲ့ ပညာသင်ကြားပေးနေတဲ့ ဆရာမတဦးဖြစ်တဲ့ မမီမီကတော့  အခက်အခဲတွေကြားကနေ သင်ကြားပေးနေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေဟာ စာပေဘာသာ စကားသင်ကြားရေး အပိုင်းတွေမှာလည်း အခက်အခဲစိန်ခေါ်မှုတွေ အများကြီးရှိနေတယ်လို့ ရခိုင်မျိုးနွယ်စုတွေက ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ် နွေရာသီက ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်တွေကို တမြို့နယ်စီ ငွေ ကျပ် ၅ သိန်းစီ ပြည်နယ်အစိုးရက ငွေထောက်ပံ့ပေးခဲ့ပေမယ့် ဒီလောက်ငွေနဲ့ ပညာရေးမှာ ဆောင်ရွက်လို့ အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့လည်း ဆွေးနွေးသွားကြပါတယ်။

ဒီဆွေးနွေးပွဲကိုးတိုင်းရင်းသားမျိုးနွယ်စု လေးမျိုးနဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ဖြစ်ကြတဲ့ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်၊ ခေါ်သက္ကမနဲ့ မာရမကြီးမျိုးနွယ်စုတွေ စုစုပေါင်း ၁၀ ဖွဲ့က ဆရာဆရာမတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013