DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့နယ်ကျေးရွာများတွင် နာမကျန်းဖြစ်ပါက ရိုးရာနတ်ကို ပူဇော်ပသနေရ
DVB
·
September 27, 2018
လားရှိုးမြို့နယ်ကျေးရွာများတွင် နာမကျန်းဖြစ်ပါက ရိုးရာနတ်ကို ပူဇော်ပသနေရ
Donate to DVB

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်အတွင်းက ကျေးရွာတချို့မှာနေထိုင်တဲ့ ပြည်သူတွေဟာ နာမကျန်းဖြစ်ရင် ရိုးရာနတ်ကိုပဲ ပူဇော်ပသနေကြပြီး ကျန်းမာရေးစောင့်ရှောက်မှုကလည်း အလှမ်းဝေးနေတယ်လို့ ဒေသခံ ကျန်းမာရေးလုပ်သားတွေက ပြောပါတယ်။

အစွန်အဖျားဒေသမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးအခြေအနေမကောင်းတဲ့ ကျေးရွာတချို့က  ပြည်သူလူထုတွေဟာ အသိပညာအားနည်းနေတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်မမီဘဲ ဖြစ်နေတာပါ။

“လားရှိုးနဲ့  ဝေးလံတဲ့ ကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေး အခြေအနေ မကောင်းတာကြောင့် အဲ့ဒီဒေသက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ တစ်နှစ်ကိုတခေါက်ရောက်ဖို့ မနည်းသွားနေရပါတယ်။ ဒါ့ကြောင့် ကျေးလက် နေပြည်သူတွေ ဟာ နာမကျန်းဖြစ်ရင် ဆေးရုံ၊ ဆေးပေးခန်း မသွားဘဲ ရိုးရာနတ်ကို ပူဇော်ပသတဲ့ အစဉ်အလာတွေ လက်ရှိအချိန်ထိ ရှိနေပါတယ်”လို့ ကျန်းမာရေးဝန်ထမ်း ဦးအိုက်စောက ပြောပါတယ်။

လားရှိုးမြို့နယ်ထဲမှာ နေထိုင်တဲ့ ပြည်သူလူထုတွေကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ပေးနိုင်ဖို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူ ဒေါက်တာထွန်းလှဖြူက ပြောပါတယ်။

လားရှိုးမြို့နယ်ထဲမှာ အဓိကအားဖြင့် နားနန်း၊ မုန်းကြတ်နဲ့ သံလွင်ကျေးရွာအုပ်စု အောက်က ကျေးရွာပေါင်း ၁၄ ရွာဟာ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ အလှမ်းဝေးကွာနေ တယ်လို့ ပြည်သူကျန်းမာရေးဦးစီဌာနရဲ့ စာရင်းအရသိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013