DVB Logo
Home
မြန်မာသတင်း
အန်စီအေစာချုပ်ပါ ကျင့်ဝတ်များ လိုက်နာမှုအားနည်းနေ
DVB
·
September 27, 2018
အန်စီအေစာချုပ်ပါ ကျင့်ဝတ်များ လိုက်နာမှုအားနည်းနေ
Donate to DVB

အန်စီအေ အပစ်ရပ်စာချုပ်ပါ လိုက်နာရမယ့်ကျင့်ဝတ်တွေကို လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ လိုက်နာမှုအားနည်းနေသေးတယ်လို့ ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင်တွေက ပြောပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (အန်စီအေ) သက်တမ်းဟာ အခုဆိုရင် ၂ နှစ်ကျော်ကာလရောက်ရှိနေပါပြီ။ လက်ရှိမှာဆိုရင်တော့ အန်စီအေ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ထိ ရှိလာပါပြီ။

အခုလို လက်မှတ်ရေးထိုးပြီးနောက် စာချုပ်ပါလိုက်နာရမယ့်ကျင့်ဝတ်တွေကို နှစ်ဖက်တပ် တွေအနေနဲ့ လိုက်နာမှုအားနည်းနေသေးတာကို တွေ့ရတယ်လို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S က အရပ်သား ကိုယ်စားလှယ်  နန်းစေးဝါကပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် နှစ်ဖက်တပ်တွေနဲ့ တွေ့တဲ့နေရာမှာ ငြိမ်းချမ်းရေးကိုထိခိုက်စေမယ့် စကားလုံးအသုံးအနှုန်းတွေကအစ သတိထား လုပ်ဆောင်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

JMC ကိုယ်စားလှယ်တွေအနေနဲ့ နှစ်ဖက်တပ်တွေကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ ဆောင်ရွက်ရာမှာ အားနည်းနေသေးတယ်လို့လည်း ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် နန်းမိုးမိုးစာက ပြောပါတယ်။

အပစ်ရပ်စောင့်ကြည့်အဖွဲ့ JMCကို ပြည်ထောင်စုအဆင့်မှာ (JMC-U) ဆိုပြီး ဖွဲ့စည်းထားပါတယ်။  တိုင်းဒေသကြီး/ ပြည်နယ်အဆင့် (JMC-S) တွေကိုတော့ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းထားရှိပါတယ်။

အန်စီအေသက်တမ်းဟာ ၂ နှစ်ပြည့်ပြီဖြစ်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး အခုချိန်ထိ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတာဟာ ကန့်သတ်ချက်တွေ ရှိနေသေးတာကြောင့်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က သုံးသပ် ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013