DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဌာနက အသုံးမပြုသည့် မြေလွတ်၊ မြေရိုင်း ဧက ၅၀၀၀ ကျော်ကိုပြန်ပေးမည်
DVB
·
September 27, 2018
ကာကွယ်ရေးဌာနက အသုံးမပြုသည့် မြေလွတ်၊ မြေရိုင်း ဧက ၅၀၀၀ ကျော်ကိုပြန်ပေးမည်
Donate to DVB

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးမပြုတဲ့ မြေလွတ်၊ မြေရိုင်း ဧက ၅၀၀၀ ကျော်ကို ပြန်လည်ပေးအပ်ဖို့ရှိတယ်လို့  မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားမှုတွေအနက် မြေယာအငြင်းပွားမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေက အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

စက်တင်ဘာ ၂၇ ရက်က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်တို့ ပူးပေါင်း ပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ  ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောတာပါ။

“ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကန့်ဘလူ၊ မုံရွာ၊ ကသာနဲ့ ရွှေဘိုခရိုင်တွေရှိ အသုံးပြုဖို့မရှိတဲ့ မြေလွတ်၊ မြေရိုင်း စုစုပေါင်း ၅၁၆၀ ဒသမ ၇၂ ဧက ကို နိုင်ငံတော်ကို ပြန်လည်လွှဲ အပ်နှံသွားဖို့ရှိတယ်လို့ သိရှိရပါတယ်" လို့ ပြောပါတယ်။

ကော်မရှင်အနေနဲ့ လယ်ယာမြေနဲ့ပတ်သက်တဲ့ တိုင်ကြားမှုတွေကို ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေကို အကြံပြုတိုက်တွန်းတာကြောင့် ပြန်လည်ရရှိတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

အစိုးရကပါဝင်ဆောင်ရွက်ပေးလို့ လယ်ယာမြေတွေ ပြန်လည်ပေးအပ်နိုင်ခဲ့တဲ့ ထူးခြားတဲ့ ကိစ္စတွေလည်း ရှိခဲ့တယ်လို့  ဦးဝင်းမြက ပြောပါတယ်။

"ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာမြေနုကျွန်းခွဲဝေမှုနဲ့ ပတ်သက်တဲ့ မြေအငြင်းပွားမှုမှာ သမ္မတရုံးက ညွန်ကြားချက်ပေးခဲ့တဲ့အတွက် စုစုပေါင်း ၄၁၆၀ ဒသမ ၁၉ ဧကကို သစ်တောမြေအဖြစ်က ပယ်ဖျက်ပြီး မူလတောင်သူတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်လည်လုပ်ပိုင်ခွင့် ပေးဖို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်"

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေပွန်ကျေးရွာရှိ သိမ်းဆည်းခံလယ်မြေတွေ ပြန်လည်အပ်နှံရေး ကော်မရှင်ရဲ့တင်ပြအပေါ် သမ္မတရဲ့ လမ်းညွန်ချက်နဲ့ စွန့်လွှတ်မြေ ၈၈ ဒသမ ၂၈ ဧကကိုလည်း မူလတောင်သူတွေထံ ပြန်လည်အပ်နှံရေး ဆောင်ရွက်နိုင်ခဲ့ တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013