DVB Logo
Home
မြန်မာသတင်း
ကျောင်းထိုင်ဘုန်းကြီးကိစ္စကြောင့် ရွာသားများခိုက်ရန်ဖြစ်ပွား၊ ၅ ဦးဒဏ်ရာရ
DVB
·
September 27, 2018
ကျောင်းထိုင်ဘုန်းကြီးကိစ္စကြောင့် ရွာသားများခိုက်ရန်ဖြစ်ပွား၊ ၅ ဦးဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မှော်ဘီကျေးရွာမှာ ကျောင်းထိုင်ဘုန်းတော်ကြီးကိစ္စနဲ့ ပတ်သက်လို့ ကျေးရွာသားအချင်းချင်း သဘောကွဲလွဲပဋိပက္ခဖြစ်ပွားခဲ့လို့  ရွာသား ၅ ဦး ဒဏ်ရာရသွားပါတယ်။

မှော်ဘီဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ကို  ထောက်ခံတဲ့အဖွဲ့နဲ့ ဆန့်ကျင်တဲ့အဖွဲ့ အကြား တဖက်နဲ့တဖက် အဆင်မပြေဖြစ်ပြီး လှည့်ပတ်တိုင်တန်းမှုတွေ ကာလရှည်ကြာ ဖြစ်ပွားနေခဲ့တာပါ။

မနေ့ညကတော့ ဆရာတော်ကို ထောက်ခံတဲ့အဖွဲ့နဲ့ ဆန့်ကျင်တဲ့အဖွဲ့တွေ ငြင်းခုံ ရန်ဖြစ်ရာကနေ ဓားထိုးမှု၊  ရိုက်နှက်မှုတွေအထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာလို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့က ဦးအောင်သန်းထွန်းက ပြောပါတယ်။

မနေ့ညကဖြစ်စဉ်ကြောင့် ဓားထိုးဒဏ်ရာရာသူ  တစ်ယောက်နဲ့ ကျန်သူတွေကတော့ ရိုက်နှက်ခံရတဲ့  ဒဏ်ရာတွေ ရရှိခဲ့တာလို့ ဦးအောင်သန်းထွန်းက ပြောပါတယ်။

“သူတို့ပြောပုံအရ ရွာက နှစ်ခြမ်းကွဲ နေတာပေါ့နော်။ နှစ်ခြမ်းကွဲနေတာကို ဆရာတော်ဘက်က ပါတဲ့လူတခြမ်းနဲ့ ရွာကရှိတဲ့လူတခြမ်းအဲလိုပေါ့။ အဲဒီကနေပြီးတော့ ကျနော်တို့က မနေ့ညက ၁၂ နာရီ ၀န်းကျင်လောက်က နေပြီးတော့ ထွက်သွားတာ ဟိုရောက်တော့မှ သိရတာ လူနာ ၅ ယောက်ရှိတယ်။ ဓားထိုးခံရတဲ့ လူနာ၁ယောက်ရှိတယ်။ ကျန်တာကတော့ ထိခိုက်၊ ပွန်းပဲ့ နည်းနည်းပါးပါးပဲပေါ့နော်။ ဓားထိုး လူနာကတော့ အသက်အန္တရာယ်မရှိပါဘူး။”

မှော်ဘီကျေးရွာ ဘုန်းကြီးကျောင်းကိစ္စမှာ စီးပွားရေး၊ လူမှုရေး၊ ရပ်ရွာအာဏာအရေး တွေနဲ့ ပတ်သက်ပြီး မကြာခဏ ငြင်းခုံ၊ ဆန္ဒပြ၊ ပြဿနာတက်လေ့ရှိနေရာကနေ တိုက်ခိုက်မှု ထိုးခုတ်မှု၊ ခြိမ်းခြောက်မှုနဲ့ လုပ်ကြံမှုတွေအထိ ဖြစ်လာရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013