DVB Logo
Home
မြန်မာသတင်း
လွိုင်လင်မြို့နယ်တွင်  ရွာသား ၁ ဦး​​သေနတ်ဖြင့် ​​ပစ်သတ်ခံရ
DVB
·
September 27, 2018
လွိုင်လင်မြို့နယ်တွင်  ရွာသား ၁ ဦး​​သေနတ်ဖြင့် ​​ပစ်သတ်ခံရ
Donate to DVB

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ ထမ်း နျားရွာက​ ရွာသားတဦးဟာ လွိုင်လင်မြို့သို့ သွားရာလမ်းေ​ပ်ါမှာ စက်တင်ဘာ ၂၅ ရက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်​။

ထမ်းနျားရွာသား ခွန်မောင်းလွန်​တို့ ဇနီးမောင်းနှံဟာ ​ သမီး​နေ​မ​ကောင်းလို့ လွိုင်​လင်​​ဆေးရုံသို့သွားရောက် ဆေးကုသပြီးအပြန် တောင်​​နောက်​ရွာနဲ့ ​နောင်​ယာဆိုင်းရွာကြား လမ်းခုလတ်​မှာ​ တူမီး​သေနတ်​နဲ့ ​ချောင်းပစ်​ခံရ​တာလို့ လွိုင်​ခရိုင် ​ရဲတပ်​ဖွဲ့မှူးကပြောပါတယ်။

“​အဲ​နေရာက ဗွက်​အိုင်​အ​ရှည်​ကြီး ကားလာလည်းရပ်​ရတယ်​။ လူလာလည်း ရပ်​ရတယ်​။ ဆိုင်​ကယ်​လာလည်း ရပ်​ရတယ်​။ အဲချိန်​မှာ​ချောင်းပစ်​ခံရတာ၊ ဖြစ်​နိုင်​တာက ရွာသားအချင်းချင်း ရန်​ငြိုးရှိလို့ပစ်​တာလို့ ယူဆရတယ်​။ ရွာသားအချင်းချင်း ပဋိပက္ခဖြစ်​ပြီး​ချောင်းပစ်​တယ်​လို့ပဲ ​လော​လောဆယ်​ ယူဆရတယ်​။ တရားခံကို​တော့ စုံစမ်းဆဲပါ”လို့ ​ပြောပါတယ်​။

လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စုတ၀ိုက်မှာ RCSS/SSA လက်နက်ကိုင် အဖွဲ့နဲ့ မတ်ကျန်းပြည်သူ့စစ်တွေ လှုပ်​ရှားသွားလာ​​နေကြပြီး အခုပစ်​ခတ်​မှုဟာ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖွဲ့နဲ့ ဆိုင်တယ်လို့ ​​​​​​ရွာသား​တွေက ယူဆကြပါတယ်​။

အပစ်​ခံရသူ ခွန်​​မောင်​လွန်းမှာ အသက်​ ၂၈ နှစ်​ရှိပြီး သေနတ်လေးချက်​ အပစ်​ခံရ​တဲ့ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်​ နိုဝင်​ဘာလကလည်း လွိုင်​လင်​မြို့နယ်​၊ ပါဟုတ်​ရွာက ရာအိမ်​မှူးတစ်ဦး အသတ်​ခံရမှုလည်း  တရားခံဖမ်းဆီးရခြင်းမရှိ​သေးပါဘူး​။

“လက်​နက်​ကိုင်​တွေ လှုပ်​ရှားတဲ့​နယ်​မြေမှာ တို့လည်း ထဲထဲဝင်​ဝင်​လှုပ်​လို့မရဘူး။ သွားလို့ လာလို့ရတယ်​။ တရားခံဖမ်းရဖို့က မလွယ်​ကူဘူး၊ ဘာသာစကားလည်း မ​ပေါက်​ဘူး”လို့ လွိုင်လင်​ခရိုင်​ရဲတပ်​ဖွဲ့မှူးက ပြောပါတယ်​။

အမည်​မ​ဖော်​လိုတဲ့ ​ဒေသခံတ​ဦးကလည်း “ဒီ​ဒေသမှာ ပြီးခဲ့တဲ့ ပါဟုတ်​ရွာသူကြီး အသတ်​ခံရတုန်းကလည်း တရားခံမ​ပေါ်ဘူး။  ကျိုင်း​တောင်းကိစ္စမှာလည်း အိမ်​ထဲထိ လာပစ်​သွားတာရှိတယ်​။ ဘယ်​သူဘယ်​ဝါမသိဘူး။ အဲလိုဖြစ်​​နေတာများပြီ ​ဒေသခံ အ​နေနဲ့ လုံခြုံမှုမရှိ​တော့ဘူး။ နိုင်​ငံ​တော်​ဘက်​ကလည်း ဘာမှမလုပ်​​ပေးဘူး တရားဥပ​ဒေ စိုးမိုးမှုမရှိဘူး”လို့​ပြောပါတယ်​။

တောင်နောက်ကျေးရွာအုပ်စုရှိ ရွာတွေက ရွာသား​တွေဟာ ဆက်​​ကြေး ​ကောက်​ခံရတာ၊ ခြိမ်းခြောက်အနိုင်ကျင့်ခံရတာ၊ အမျိုးသမီးနဲ့ အသက်​မပြည့်တဲ့ မိန်းကလေးတွေ အဓမ္မပြုကျင့်ခံရတာနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ  မကြာခဏ ကြုံ​တွေ့ ​နေရတယ်​လို့ ​ ဒေသခံ ရွာသားတွေက ပြောပါတယ်​။

ပြီးခဲ့တဲ့ သြဂုတ်​လကုန်​ကလည်း  မတ်ကျန်းပြည်သူ့စစ် ရဲ​​ဘော်တစ်ဦးက အသက်​မပြည့် အမျိုးသမီးငယ်​ကို  ​​​​​​အဓမ္မပြုကျင့်ခဲ့​မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်​။

သတင်း- ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013