DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရန် ၂၀၂၀ပြည့်နှစ်ထိ စာချုပ်သက်တမ်းတိုး
DVB
·
September 27, 2018
တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရန် ၂၀၂၀ပြည့်နှစ်ထိ စာချုပ်သက်တမ်းတိုး
Donate to DVB

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချနိုင်ဖို့အတွက် နှစ်နိုင်ငံသဘောတူ စာချုပ်ကို လာမယ့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ သက်တမ်းထပ်တိုးထားနိုင်ပြီလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒီကနေ့ ကြေညာပါတယ်။

စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ Sanitary and Phytosanitary (SPS Protocol) ကို သက်တမ်းတိုးလိုက်တာဖြစ်ပြီး အဆိုပါ စာချုပ်အရ ဆန်တွေကို တရုတ်နိုင်ငံကို ပုံမှန်အတိုင်း ဆက်လက် တင်ပို့ဆောင်ရွက်နိုင်ပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ဆန်ကွဲတွေ တင်ပို့နိုင်ဖို့အတွက်တော့ တရုတ်နိုင်ငံဘက်က စိစစ်ဆောင်ရွက်နေဆဲ ဖြစ်လို့ တရားဝင် မတင်ပို့နိုင်သေးဘူးလို့ သိရပါတယ်။

အဆိုပါ စာချုပ် သက်တမ်းအချိန်မီထပ်တိုးနိုင်ဖို့အတွက် ဆန်စပါးအသင်းချုပ်က  သက်ဆိုင်ရာကို တင်ပြခဲ့တဲ့အပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နိုင်ငံခြားရေးဌာနနဲ့ မြန်မာသံရုံးတို့က အမြန်ဆုံး ကူညီဆောင်ရွက်ပေးခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013