DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်ရန်လိုအပ်နေ
DVB
·
September 27, 2018
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်ရန်လိုအပ်နေ
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာစေဖို့ စည်းရုံးမှုတွေလုပ်ပေးနေမယ့် အမျိုးသမီးအင်အားစုတွေလိုအပ်နေသေးတယ်လို့ အန်စီအေ အပစ်ရပ်လက်မှတ် ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပြောဆိုလိုက်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက  “ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေး” ဆိုင်ရာ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Green Hill မှာပြုလုပ်နေပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် မိဆူးပွင့်က “မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်ဆင့်နဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှာ အမျိုးသီးတွေ ပါဝင်မှုတွေ နည်းပါးနေပြီး ပိုမိုပါဝင်လာဖို့ စည်းရုံးလှုံ့ဆော်ပေးမယ့် အင်အားစုတွေလိုအပ်နေတယ်” လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ သုံးဆယ်ရာခိုင်နှုန်းပါဝင်ဖို့တောင်းဆိုကြပေမယ့် လက်ရှိမှာ ဆယ့်ခုနှစ်ရာခိုင်နှုန်းလောက်သာရှိသေးတယ်လို့လည်း ဆိုပါတယ်။

ဆွေးနွေးပွဲ ပထမနေ့မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာ (PNLO)၊ UPDJC ဒုဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်ဆာခေါင်း (CNF) နဲ့ SNLD က စိုင်းညွှန့်လွင်တို့က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အဓိကဆောင်ရွက်သူတွေ ဖြစ်ကြတဲ့ နိုင်ငံရေးပါတီ၊ အန်စီအေလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေအကြောင်းကို တက်ရောက်လာတဲ့ အမျိုးသမီးခေါင်းဆောင်ကိုယ်စားလှယ်တွေ သိရှိစေဖို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၁ရာစုပင်လုံညီလာခံမှာ ကျားမတန်းတူရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးကြရာမှာ နိုင်ငံရေးဖြစ်စဉ်မှာသာမက ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ပေးရမယ်လို့ တင်ပြခဲ့ပေမယ့် အားရစရာမရခဲ့ဘူးလို့ UPDJC ဒုဥက္ကဋ္ဌ  ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက ဆိုပါတယ်။

ဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်ကနေ ၂၉ ရက်ထိကျင်းပသွားမှာဖြစ်ပြီး အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အမျိုးသမီးကိုယ်စားလှယ် တွေ တက်ရောက်နေကြပါတယ်။

အဲ့ဒီဆွေးနွေးပွဲကနေရရှိလာတဲ့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေပိုမိုပါဝင်လာရေးနဲ့ ပတ်သတ်တဲ့ အကြံပြုချက်တွေကို အန်စီအေစာချုပ် လက်မှတ်ရေးထိုးထားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထံကို တင်ပြသွားမှာဖြစ်ပါတယ်။

ဓာတ်ပုံ- NCA-S EAO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013