DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့အနီး ပြင်းအား ၄.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
September 27, 2018
မင်းကင်းမြို့အနီး ပြင်းအား ၄.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့အနီး ဒီကနေ့ မနက် ၈ နာရီကျော်လောက်က အင်းအားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း မိုးဇလ ဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၄၉)မိနစ်၊ (၅၅)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် မိုင်(၅၀)ခန့် အကွာ မင်းကင်းမြို့ရဲ့ အနောက်တောင်ဘက်(၁၃)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် လှုပ်သွားတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၈ လကျော်ကာလအတွင်း ငလျင်အကြိမ် ၁၁၀ လှုပ်ခတ်ခဲ့ကာ ပြီးခဲ့တဲ့နှစ်တွေထက် အကြိမ်ရေ ပိုများလာတယ်လို့ မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013