DVB Logo
Home
မြန်မာသတင်း
တာမွေမြို့နယ်က အုပ်စုဖွဲ့လူသတ်မှုတွင် ပါဝင်သူများကို ယမန်ယူ ရုံးထုတ်
DVB
·
September 27, 2018
တာမွေမြို့နယ်က အုပ်စုဖွဲ့လူသတ်မှုတွင် ပါဝင်သူများကို ယမန်ယူ ရုံးထုတ်
Donate to DVB

ရန်ကုန်၊ တာမွေမြို့နယ်က အုပ်စုဖွဲ့လူသတ်မှုမှာ ပါဝင်တဲ့ ဝင်းထွန်းဝင်းပါ ၁၄ ဦးကို စက်တင်ဘာ ၂၆ ရက်နေ့က တာမွေမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ယမန်ယူ ချုပ်မိန့်တောင်းခံ ရုံးထုတ်ပါတယ်။

ဒီအမှုမှာပါဝင်တဲ့ ဝင်းထွဋ်ဝင်း၊ သံဗုဒ္ဓေ (ခ) ဝင်းနိုင်၊ ဖြူတုတ် (ခ) သိန်းထွေး၊ ဝင်းမြင့်၊ ယာဉ်မိုး (ခ) မိုးကြီး၊ သီဟအောင်၊ သိန်းထိုက်အောင် (ခ) အန်ကုန်း၊ မင်းအောင်၊ သက်မောင်မောင် (ခ) သက်နိုင် (ခ) ကျန်ကျောင်း၊ လင်းကိုကို (ခ) လင်းကို၊ မျိုးသူ၊ အောင်မင်းထွန်း (ခ) မာမက်အလီ (ခ) အားကလီး၊ ဇင်ယော် (ခ) ဇင်မင်းဦးနဲ့ ထိန်လင်း (ခ) ကုလား (ခ) ဆိုလီယန်တို့ကို ရုံးထုတ်လာတာ ဖြစ်ပါတယ်။

တာမွေမြို့နယ် ဈေးမှတ်တိုင်အနီးက ကျိုက္ကဆံလမ်းမပေါ်မှာ စက်တင်ဘာ ၁၁ ရက်ညက သာကေတလူမိုက်အဖွဲ့ဝင် ဝင်းထွဋ်ဝင်း ဦးဆောင်ပြီး ဦးကြည်ဝင်း အပါအဝင် လူ ၃ ဦးကို ဓား၊ လှံ၊ ပုဆိန်၊ သံလက်သီးကွင်းတွေနဲ့ မင်းမဲ့စရိုက်ဆန်ဆန် ထိုးခုတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် ဦးကြည်ဝင်းနဲ့ ဦးကြည်ဝင်းဆိုင်ရဲ့ဝန်ထမ်း ဇော်လင်းဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဦးကြည်ဝင်းရဲ့သားမက် ကတုံးမ (ခ) ဇော်ဟိန်းသူကတော့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ ဓားဒဏ်ရာတွေရရှိပြီး ဆေးရုံပို့ဆောင်ချိန်မှာ သေဆုံးခဲ့ပါတယ်။

အမျိုးသားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိတဲ့ ဒီအမှုနဲ့ပတ်သက်ပြီး တရားခံတွေကို ဖမ်းဆီးပြီး တာမွေမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ပုဒ်မ ၃၂၆၊ ပုဒ်မ ၁၁၄ တို့နဲ့ အမှုဖွင့် အရေးယူခဲ့တာပါ။

အဲဒီအမှုကို တာမွေမြို့နယ်တရားရုံးကနေ အောက်တိုဘာ ၁၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013