DVB Logo
Home
မြန်မာသတင်း
ကုလအထွေထွေညီလာခံတွင် ၀န်ကြီးဦးကျော်တင့်ဆွေ မိန့်ခွန်းပြောမည်
DVB
·
September 26, 2018
ကုလအထွေထွေညီလာခံတွင် ၀န်ကြီးဦးကျော်တင့်ဆွေ မိန့်ခွန်းပြောမည်
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်မြို့မှာ ကျင်းပနေတဲ့ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ  မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြောကြားဖို့ရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ လာမယ့် စက်တင်ဘာ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းကို ပြောကြားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာခေါင်းဆောင် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သလို မနှစ်ကတော့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာပါ။

အခုနှစ် (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ အထွေထွေ မူဝါဒရေးရာ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားနဲ့ ပထမနေ့ အစီအစဉ်ကို မနေ့မနက်က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဦးကျော်တင်၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းတို့ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံအလိုက် အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲတွေကို စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာ ၁ရက်ထိ ကျင်းပမှာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် နိုင်ငံအသီးသီးက သမ္မတတွေ၊ ၀န်ကြီးချုပ်တွေနဲ့ အဆင့်မြင့်ဝန်ကြီးတွေက  မိန့်ခွန်းတွေ အသီးသီး ပြောကြားနေကြပါတယ်။

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013