DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကုလအကြီးအကဲတောင်းဆို
DVB
·
September 26, 2018
ရိုက်တာသတင်းထောက် ၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကုလအကြီးအကဲတောင်းဆို
Donate to DVB

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်က တောင်းဆိုလိုက်ပါတယ်။

  နယူးယောက်ခ်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဖွင့်မိန့်ခွန်းပြောကြားတဲ့ မစ္စတာဂူတာရပ်စ်က ရိုက်တာသတင်းထောက် ၂ဦးဟာ သူတို့ရဲ့ အလုပ်ကိုသူတို့လုပ်တဲ့အတွက် ထောင်သွင်းအကျဉ်းကျခံနေရတာဟာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါဟာ မဖြစ်သင့်ဘူးလို့ ကျနော် အလေးအနက်ယုံကြည်ပါတယ်။ ပြီးတော့ အစိုးရအနေနဲ့ သူတို့ကို မြန်နိုင်သမျှ အမြန်ဆုံး လွတ်ငြိမ်းချမ်းသွားခွင့်ပေးပြီး ပြန်လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုက်တာ သတင်းထောက် ၂ ဦး ထောင်ချခံရတာဟာ သတင်းလွတ်လပ်ခွင့်နဲ့ ဘာမှမဆိုင်တဲ့အကြောင်းနဲ့  သတင်း ထောက်ဖြစ်လို့ ထောင်ချခံရတာ မဟုတ်ဘူးလို့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သတင်းထောက် ၂ ဦးဟာ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်မှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံးက စီရင်ချက်ချခဲ့တဲ့အတွက် ပြစ်ဒဏ်ကျခဲ့တာဖြစ်တယ်၊ တရားရုံးဆုံးဖြတ်ချက် မှားယွင်းတယ်ဆိုရင် ထောက်ပြပြီး အယူခံဝင်ပိုင်ခွင့်ရှိတယ်လို့ လည်း ပြောထားပါတယ်။

အင်ဒင်းရွာလူသတ်မှုအကြောင်း ဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ကိုလိုနီခေတ်ကလည်းက ပြဋ္ဌာန်းထားခဲ့တဲ့ နိုင်ငံလျို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ထားတာပါ။

ဒီလုပ်ရပ်ကို သတင်းလွတ်လပ်ခွင့်ကို အကြီးအကျယ်ထိပါးမှု၊ မြန်မာနိုင်ငံမှာ မီဒီယာ လောကအမှောင်ကျမှုအဖြစ် ပြည်တွင်းပြည်ပ မီဒီယာသမားတွေက ဝေဖန်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013