DVB Logo
Home
မြန်မာသတင်း
ရခိုင်ကမ်းရိုးတန်းတွင် ဂုံးအများအပြားသေဆုံးမှု ကွင်းဆင်းစစ်ဆေး
DVB
·
September 26, 2018
ရခိုင်ကမ်းရိုးတန်းတွင် ဂုံးအများအပြားသေဆုံးမှု ကွင်းဆင်းစစ်ဆေး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့  အမ်းမြို့နယ်အကြားရှိ ကမ်းရိုးတန်းတွေမှာ ဂုံးကောင်တွေ အမြောက်အများ သေဆုံးမှုဖြစ်ပွားနေတာကို သက်ဆိုင်ရာက ကွင်းဆင်း စစ်ဆေးနေပါတယ်။

ကျောက်ဖြူမြို့နယ်၊ လောင်းချောင်း မြစ်အထက်ပိုင်း၊ ကျားအိုချောင်းကမ်းနံဘေးမှာ ဂုံးတွေ အမြောက်သေဆုံးနေတာကို စက်တင်ဘာလ ၂၂ ရက်က တွေ့ရှိရတာပါ။

အခုလို ဂုံးတွေ အစုအပြုံလိုက် သေဆုံးတာကို လွန်ခဲ့ ၂ လ လောက်က သံဇစ်မြစ်တလျှောက် ရေထုညစ်ညမ်းမှုတွေ ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာမှ စတွေ့လာရသလို ဂုံးကောက်ရာမှာလည်း အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ငူကျေးရွာ ဂုံးကောက်သူ ဒေါ်မရွှေတင်က “အကြီးတွေရော အသေးလေးတွေပါ အကုန်လုံးသေတာ၊ အရင်တုန်းကတော့မသေဘူးလေ။ ဂုံးကောက်လာတာ ၂ နှစ်ကြာပြီ၊ တခါမှမကြုံဖူးပါဘူး။အခုမှပဲ ရေမဲကြီးကျပြီးသေတာ။ ဂုံးကောက်တဲ့အဖွဲ့ ၈၊ ၉ ဖွဲ့လောက်ရှိတယ်။ အရင်တုန်းကတော့ လူတစ်ယောက်ကို ပိသာချိန် ၁၀/၂၀ လောက်ထိ ရကြတယ်။ အခုဆိုရင် ၃/၄ ပိသာထိပဲရကြတော့တယ်။ တခါတလေဆိုရင် လုံးဝကို မရတော့ဘူး။”

ဂုံးကောက်တဲ့လုပ်ငန်းကို လုပ်ကိုင်နေတဲ့ရေလုပ်သားတွေမှာ အရေပြားရောဂါတွေ ဖြစ်လာတဲ့အတွက် ပြည်နယ်အစိုးရကိုတင်ပြထားတယ်လို့ ရေလုပ်သားတွေကို ကူညီပေးနေတဲ့ အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ဝင် ဦးမျိုးလွင်က ပြောပါတယ်။

ဂုံးတွေ အမြောက်များသေဆုံးတယ်လို့ လူမှုကွန်ရက်ပေါ်မှာ တက်လာတဲ့အတွက် စက်တင်ဘာ ၂၄ ရက်မှာ တာဝန်ရှိသူတွေ ကွင်းဆင်းလေ့လာတဲ့အခါ ဂုံးအသေးလေးတွေ သေတာကိုတော့တွေ့ရပေမယ့် အခုလို ဂုံးတွေသေတာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်အတိုင်း သေဆုံးတာဖြစ်တယ်လို့ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

ဒုညွှန်ကြားရေးမှူး ဦးထွန်းသိန်းက“ရေတွေ ညစ်ညမ်းတယ်ဆိုရင် အကောင်ကြီးတဲ့ သတ္တ၀ါတွေလဲသေရမယ် အဲ့ဒီနေရာမှာ။ ဒီပြင် သတ္တ၀ါတွေတော့ ရှင်နေတယ်။ ဂုံးတွေတော့ နည်းနည်းပါးပါးသေတာပေါ့။ ဂုံးချွန်လေးတွေ၊ ဂုံးအငယ်တွေပေါ့။ အဲ့ဒီသေတာလဲ ချက်ခြင်းသေတာမဟုတ်ဘူး။ ချင်ခြင်းသေတာဆို ပုပ်သိုးနေမှာပေါ့။ ကြာပြီးသေတာလဲ ဖြစ်ချင်ဖြစ်နေမှာပေါ့။ ဒီဂုံးတွေကို ရေချိုထိုးပြီး သေသွားရင်လည်း နောက်နှစ် ပြန်ပွားလာမှာပါ။ သူတို့ မျိုးတွေ ကျန်ခဲ့လို့ရှိရင်”လို့ ပြောပါတယ်။

အခုလို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်တဲ့ လေ့လာမှုတွေဆက်လုပ်သွားဖို့ရှိသလို ပြည်နယ်အစိုးရကို ဆက်လက်တင်ပြပြီး ရေညစ်ညမ်းမှုရှိမရှိ၊ ရေတွေမည်းနေရတာဟာ ရေနံသန့်စင်စက်ရုံတွေက စွန့်ပစ်အညစ်အကြေးတွေကြောင့် ဟုတ် မဟုတ်ဆိုတာကိုလည်း စုံစမ်းပေးဖို့ စောင့်ကြည့်ရေး အဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013