DVB Logo
Home
မြန်မာသတင်း
ရုရှား-အမေရိကန်အေးဂျင့်များ ပူးပေါင်းတိုက်စစ်ဆင်ကြသည့် ဇာတ်ကြမ်းရုပ်ရှင်- Maximum Impact(နမူနာ)
DVB
·
September 26, 2018
ရုရှား-အမေရိကန်အေးဂျင့်များ ပူးပေါင်းတိုက်စစ်ဆင်ကြသည့် ဇာတ်ကြမ်းရုပ်ရှင်- Maximum Impact(နမူနာ)
Donate to DVB


ထူးထူးခြားခြား ရုရှား-အမေရိကန်ဖက်စပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတကားဖြစ်တဲ့ Maximum Impact အမည်ရတဲ့ ရုပ်ရှင်ကို လာမယ့် စက်တင်ဘာ ၂၈ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ပိုလန်ရုပ်ရှင်ဒါရိုက်တာ Andrzej Bartkowiak က ရိုက်ကူးပုံဖော် ပေးထားတာဖြစ်ပြီး အက်ရှင်ကားကြိုက်တဲ့ ပရိသတ်တွေ နှစ်သက်ကြမယ့် ဇာတ်ကားတကား ပါ။

မအောင်မြင်ခဲ့တဲ့ အကြမ်းဖက်လုပ်ကြံမှုတခုကို နှိမ်နင်းဖို့အတွက် ရုရှား FSB Agents တွေနဲ့ အမေရိကန် CIA Agents တွေ အတူပူးပေါင်းပြီး Mission အောင်မြင်အောင် ၂ နိုင်ငံ လုပ်ဆောင်ကြတဲ့ ဇာတ်လမ်းပါ။

ဒီကားထဲမှာတော့ ရုရှား၊ အမေရိကန်သရုပ်ဆောင်တွေ ပူးပေါင်းပါဝင်ထားကြတာဖြစ်ပြီး ဘယ်လိုကြမ်းကြမ်းရမ်းရမ်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ရှုစားကြရမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကိုတော့ Not Rated - NR အဆင့် သတ်မှတ်ထားပြီး ရုရှားနဲ့ အမေရိကန် သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Alexander Nevsky, Yevgeny Stychkin, Mark Dacascos နဲ့ Kelly Hu တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ English, Russian ဘာသာစကား ၂ မျိုးလုံးကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013