DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ဆေးရုံဝန်ထမ်းကို ဆဲဆို၍ ရဲကိုဝိုင်းရိုက်ခဲ့သူ လူငယ် ၆ ဦးကိုအရေးယူ
DVB
·
September 26, 2018
မိတ္ထီလာတွင် ဆေးရုံဝန်ထမ်းကို ဆဲဆို၍ ရဲကိုဝိုင်းရိုက်ခဲ့သူ လူငယ် ၆ ဦးကိုအရေးယူ
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဆေးရုံဝန်ထမ်းတွေကို ဆဲဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေကို ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ကြတဲ့  လူငယ် ၆ ဦး ကို အရေးယူထားတယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၂၅ရက်က ဆိုင်ကယ် ၂ စီးချိတ်မိရာက ဒဏ်ရာရတဲ့ လူငယ် ၂ ဦးကို ဆေးရုံသွားပြရင်း ဆေးရုံဝန်ထမ်းတွေနဲ့ လူငယ်တချို့ အဆင်မပြေဖြစ်ခဲ့ကြပါတယ်။

အဲ့ဒီနောက် လူငယ် ၆ ဦးပါ အဖွဲ့ဟာ တုတ်တွေ၊ ခဲတွေနဲ့ ဆေးရုံပြန်ရောက်လာပြီး ဆရာဝန်ကို ဆဲဆိုရန်ပြုခဲ့ပါတယ်။

ဆေးရုံမှာ ဆေးစာပေးဖို့ရောက်နေကြတဲ့ ရဲတပ်သား ဝင်းဘိုဘိုဟိန်းနဲ့ နေမျိုးထွန်းတို့က ၀င်ရောက်ထိန်းသိမ်းတဲ့အခါ အဆိုပါလူငယ် ၆ ဦးတို့က ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့လို့ ရဲနှစ်ဦးမှာ နှာခေါင်းသွေးထွက်၊ ဝဲမျက်နှာ/မျက်လုံး/လက် ပွန်းပဲ့ဒဏ်ရာနဲ့  ဝဲချိုစောင်းပေါက်ပြဲ၊ နဖူး၊ ဝဲယာ ပါး/လက် ပွန်းပဲ့ဖူးရောင်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြပါတယ်။

ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး လှမင်းထက်ပါ ၆ ဦးတို့ကို မိတ္ထီလာမြို့မရဲစခန်း က ရာဇ သတ်ကြီးပုဒ်မ ၃၃၃/ ၂၉၄/၁၁၄(တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ပြင်းထန်နာကျင်စေမှု/ ဆဲဆိုမှု/ အားပေးကူညီမှု) နဲ့  အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

အရေးယူခံရသူတွေထဲမှာ မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်နေ လှမင်းထက်(၃၁)နှစ်၊ ပေါက်ချောင်းကွက်သစ်ရပ်ကွက်နေ အောင်ကိုဦး (၂၄)နှစ်၊ ညီညီကျော် (၂၁)နှစ်နဲ့  လှမျိုးသန်း (၂၀)နှစ် တို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013