DVB Logo
Home
မြန်မာသတင်း
ပါတီတွင်းစည်းလုံးညီညွတ်မှ ​ရွေး​ကောက်​ပွဲတွင် ခွပ်​​ဒေါင်းအလံ​ဆက်လွှင့်ထူနိုင်​မည်
DVB
·
September 26, 2018
ပါတီတွင်းစည်းလုံးညီညွတ်မှ ​ရွေး​ကောက်​ပွဲတွင် ခွပ်​​ဒေါင်းအလံ​ဆက်လွှင့်ထူနိုင်​မည်
1 / 12
Donate to DVB

လူငယ်​မျိုးဆက်​သစ်​​တွေအ​နေနဲ့ ပါတီအ​ပေါ်သစ္စာရှိကြဖို့နဲ့  စည်းလုံး ညီညွတ်မှုရှိကြဖို့ မန္တ​လေးတိုင်း အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​​နာယကကြီး ဦးသိန်းတန်​က​ ပါတီဝင်တွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်​။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ပဒုမ္မာခန်းမမှာ ဒီကနေ့ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်​(အန်အယ်လ်ဒီ) ပါတီတည်ထောင်ခြင်း နှစ်ပေါင်း ၃၀ ပြည့် ပုလဲရတု အခမ်းအနားမှာပြောကြားခဲ့တာပါ​။

ပါတီတွင်း စည်းစည်းလုံးလုံးရှိကြမှာသာ လာမယ့် နိုဝင်ဘာလ ကြားဖြတ်​​ရွေး​ကောက်​ပွဲနဲ့ ၂၀၂၀ပြည့်ရွေး​ကောက်​ပွဲကို ဆက်​ပြီး ခွပ်​​ဒေါင်းအလံ​တွေ လွှင့်​ထူနိုင်​မှာဖြစ်​တယ်​လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် အန်အယ်လ်ဒီပါတီ တခုတည်းသာရှိသင့်တယ်​လို့ ပါတီရဲ့ဗဟို ဒုဥက္ကဋ္ဌ ၂ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်​။

“ပုတီးတကုံးလို ဖြစ်သင့်တယ်။ အဲ့ဒီပုတီးတစ်ကုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးပေါ့။ အဲ့ဒီပုတီးထဲမှာဝင်ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ထူထောင်ရေးကို လုပ်ကြမယ်​။ ပြည်ထောင်စုကြီး ထူထောင်ရေးကို လုပ်မယ်ဆိုလို့ရှိရင် ဒီမိုကရေစီပါတီ တစ်ခုတည်းရှိတဲ့အတွက် အားသာချက်တွေရှိတယ်ပေါ့​လေ။ ကိုယ့်ပြည်နယ်ရဲ့ အရေးအခင်း ကိုယ့်လူမျိုးတိုင်းရင်းသားတွေရဲ့ အရေးအခင်းကိုပြောမယ်ဆိုလို့ရှိရင်လည်း အဖွဲ့ချုပ်ထဲ ကနေပြီး လုပ်လို့ရနေတာပဲ။ အရေးကြီးတာက တောင့်တောင့်တင်းတင်းနဲ့ ပါတီကြီး တစ်ခုရှိနေခြင်းဟာ ကျနော်တို့နိုင်ငံရဲ့ဒီမိုကရေစီအားကောင်းမောင်းသန်ဖြစ်မယ်ဆို တာ ကျနော်တို့ အမြဲပြော​နေရတာလို့ ပြောပါတယ်။”

ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး  အန်အယ်လ်ဒီပါတီရဲ့ နာယကတွေဖြစ်ကြတဲ့ ဦးသန်းထိုက်၊ ဦးကိုလေး(အင်းဝဂုဏ်ရည်)၊ ဦးသိန်းတန် (သိန်းတန်​စာ​ပေ) ဒေါက်တာကိုကိုကြီး ​ဒေါ်နွဲ့နွဲ့စသူတွေအပါအ၀င် မန္တ​လေးတိုင်းအတွင်း မြို့နယ်အသီးသီးက လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ၊ ပါတီဝင်​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။

အခမ်းအနားမှာ မန္တလေးတိုင်း အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ရဲ့ နှစ်ပေါင်း ၃၀ အတွင်းကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ လှုပ်ရှားမှုတွေ အပါအ၀င် စိတ်ဝင်​စားစရာ​ မှတ်တမ်းဓာတ်ပုံ ၃၀၀၀ ကျော်နဲ့ ဗွီဒီယိုမှတ်​တမ်း​တွေကို ပြသထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013