DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့တွင် စရဖတပ်ကြပ်ကြီး ၁ ဦးသေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
September 26, 2018
စစ်တွေမြို့တွင် စရဖတပ်ကြပ်ကြီး ၁ ဦးသေနတ်ဖြင့် ပစ်သတ်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝင်္ကပါကွင်းမှာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၀င် တပ်ကြပ်ကြီးတဦး  မနေ့ညက သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးသွားပါတယ်။

စရဖ တပ်ကြပ်ကြီးဖိုးလုံးဟာ ဈေးရောင်းပွဲတော်မှာ မနေ့ည ၁၀ နာရီလောက်က အမည်မသိ သေနတ်သမားရဲ့ အနီးကပ်ပစ်ခတ်ခံရတာဖြစ်ပြီး ဆေးရုံသို့အသွားလမ်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

တပ်ကြပ်ကြီး ဖိုးလုံးဟာအရင်က စစ်တွေမြို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အခု ရန်ကုန်ကို ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေရာမှာ သူအမျိုးသမီးရှိရာ စစ်တွေကို အလည်ပြန်လာစဉ်မှာ အခုလို သတ်ဖြတ်ခံရတာဖြစ်ပါတယ်။

ခုလို အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲဘက်ကရော စရဖဘက်ကပါ သတင်းထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013