DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူ နည်းပါးနေ
DVB
·
September 26, 2018
ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူ နည်းပါးနေ
Donate to DVB

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ စာရင်းပေးထားသူ ၁၅၀ ကျော်ပဲရှိသေးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူပေါင်း ၂၀၀၀ ကျော်ရှိခဲ့ပြီး အခုကြားဖြတ်မှာ စောင့်ကြည့်လေ့လာသူ နည်းနေသေး တယ်လို့ ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က နိုင်ငံပိုင်သတင်းဌာနကိုပြောပါတယ်။

“အခုတော့ ၁၅၈ ဦးပဲ ရှိသေးတယ်။ ပြီးခဲ့တုန်းက ၂၀၀၀ ကျော်လာတယ်။ အားသာချက် အားနည်းချက်တွေ ထောက်ပြပါ။ ပိုမိုကောင်းမွန်တဲ့ ရွေးကောက်ပွဲတွေဖြစ်အောင် ဒီမိုကရေစီ စနစ်က ရွေးကောက်ပွဲ မကြာမကြာ ရှိနေမှာ၊ ဒီမိုကရေစီရဲ့ အလေ့အထ ပြည်သူတွေရော တာဝန်ရှိတဲ့သူ အားလုံးရော ဒီမိုကရေစီဆိုတဲ့ ကျင့်စဉ်နည်းလမ်း ရွေးကောက်ပွဲလမ်းစဉ်ကျင့်စဉ် တွေကို ရင်းနှီးကျွမ်းဝင်နေရမယ်။ အဲ့ဒါကြောင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ လာကြပါ။ လေ့လာတဲ့အခါမှာလည်း ပုဂ္ဂိုလ်စွဲကင်းပါ။ ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာပါ။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ ကစပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို တရားဝင် စတင်ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

စတင်ဖိတ်ခေါ်တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ စောင့်ကြည့် လေ့လာသူပေါင်း ၁၂,၀၀၀ ကျော် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြည်တွင်းအဖွဲ့အစည်း ၁၄ ခုက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ၂၀၆၂ ဦး ရှိခဲ့ပါတယ်။

၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကိုယ်စားလှယ်လောင်း ၆၉ ဦး ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013