DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကမ်းလွန် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့တွေ့ရှိ
DVB
·
September 26, 2018
မြန်မာ့ကမ်းလွန် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့တွေ့ရှိ
Donate to DVB

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 မှာ တူးဖော်ခဲ့တဲ့ တွင်းအမှတ် ရွှေရည်ထွန်း-၂ ကနေ သဘာဝဓာတ်ငွေ့တွေ့ရှိတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မနေ့က နေပြည်တော်မှာ အခမ်းအနားနဲ့ သတင်းထုတ်ပြန်ပါတယ်။

ရွှေရည်ထွန်း-၂ ကို ၂၀၁၈ ဇူလိုင် ၂၀ ရက်မှာ စတင်တူးဖော်ခဲ့ရာ ရည်မှန်းအနက် ၄၈၅၀ မီတာအထိတူးဖော်ခဲ့ကာ သဘာဝ ဓာတ်ငွေ့အသားတင်ထုတ်ယူ ရရှိနိုင်မယ့် သဲကြောအထူ ၄၀ မီတာခန့်ကို တွေ့ရှိခဲ့ပြီးနောက် ခုအခါသဲကြောကို သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု စမ်းသပ်ခြင်း Drill Stem Test (DST) ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အခုလို ရွှေရည်ထွန်း-၂မှာ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူရရှိကြောင်း စမ်းသပ် တွေ့ရှိရလို့ မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 ထဲမှာ အကဲဖြတ်တွင်း/ ရှာဖွေရေးတွင်းတွေ ဆက်လက်တူးဖော်ရှာဖွေခြင်းဖြင့်  စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကြီး တစ်ခုအဖြစ် အကောင်အထည်ပေါ်လာဖို့ ဆက်လက်မယ်လို့လည်း သိရပါတယ်။

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 မှာ မြန်မာအမျိုးသားတွေဦးဆောင်တဲ့ MPRL E&P ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar)ကုမ္ပဏီက ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ Total E&P Myanmar ကုမ္ပဏီက ၄၀ ရာခိုင်နှုန်း အစုရှယ်ယာအချိုးကျပါဝင် အကျိုးတူပူးပေါင်းဆောင်ရွက် နေတာပါ။

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန်ရှိ လုပ်ကွက်အမှတ် A-6 မှာ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနဲ့  MPRL E&P ကုမ္ပဏီတို့အကြား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် ကို ၂၀၀၇ ဇန်နဝါရီ ၁၈ ရက်မှာ ချုပ်ဆိုကာ ကမ်းလွန်ရေနံရှာဖွေရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး သြစတြေးလျနိုင်ငံ အခြေစိုက် Woodside Energy (Myanmar) ကုမ္ပဏီနဲ့ ပြင်သစ်နိုင်ငံအခြေစိုက် Total E&P Myanmar ကုမ္ပဏီတို့က နောက်မှ  ပူးပေါင်းပါဝင်လာခဲ့တာလို့ အစိုးရထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013