DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ကမ်းပါး ပြိုကျပြီး ကျောက်စိမ်းတူးသူ ၄ ဦးသေဆုံး
DVB
·
September 26, 2018
ဖားကန့်တွင် ကမ်းပါး ပြိုကျပြီး ကျောက်စိမ်းတူးသူ ၄ ဦးသေဆုံး
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ သက်ကယ်ကုန်း ကျေးရွာအနီးမှာ  မနေ့မွန်းလွဲ ၂ နာရီခွဲလောက်က မြေကမ်းပါးပြိုကျတဲ့အတွက် ကျောက်စိမ်း တူးသူ ၄ ဦး သေဆုံးခဲ့တယ်လို့ သင်္ဂဟ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက “လောလောဆယ်တော့ လေး ဦးရဲ့အလောင်းကို ဖော်ယူရရှိထားပါတယ်။ ဘယ်နှယောက် သေဆုံးတယ်ဆိုတာကတော့ ထုံးစံအတိုင်း လူပျောက်လာတိုင်မှပဲ အတိအကျသိရမှာပါ"လို့ ပြောပါတယ်။

မြေပိသေဆုံးသူ လေးဦးအနက် နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို မိသားစုတွေရှိတဲ့ မြစ်ကြီးနားကို သယ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ နှစ်စဉ်နှစ်တိုင်း မြေပြုကျမှုတွေကြောင့် လူတွေရာနဲ့ချီ သေဆုံးတာတွေရှိနေပေမယ့်လည်း အစိုးရအဆက်ဆက် ထိထိရောက်ရောက် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

၂၀၁၇ ခုနှစ်မှာ လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး ဒီနှစ် ၂၀၁၈ ခုနှစ်မှာ အခုသေဆုံးသူ လေးဦးအပါအ၀င် စက်တင်ဘာလထိ သေဆုံးသူပေါင်း ၁၃၅ ရှိခဲ့ပြီလို့လည်း လူမှုကူညီရေး အသင်းနဲ့ အစိုးရဌာနဆိုင်ရာ မှတ်တမ်းတွေအရသိရပါတယ်။

သတင်း - ဇော်မိုးထက် (ဖားကန့်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013