DVB Logo
Home
မြန်မာသတင်း
ကိုရီးယားနိုင်ငံတွင် ဗီဇာမဲ့ နေထိုင်နေသူများကို နေရပ်ပြန်ခွင့်ပေးမည်
DVB
·
September 26, 2018
ကိုရီးယားနိုင်ငံတွင် ဗီဇာမဲ့ နေထိုင်နေသူများကို နေရပ်ပြန်ခွင့်ပေးမည်
1 / 5
Donate to DVB

တောင်ကိုရီးယားနိုင်ငံ တရားရေးရာ ဝန်ကြီးဌာနက ကိုရီးယားနိုင်ငံအတွင်းဗီဇာမဲ့ နေထိုင်နေကြသူတွေကို လာမယ့် အောက်တိုဘာလက စတင်ပြီး ၂၀၁၉ မတ်လအထိ မိခင်နိုင်ငံသို့ လွတ်လပ်စွာ ပြန်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

အခုအစီအစဉ်ကို အောက်တိုဘာလ နောက်ဆုံးရက်အထိ ပညာပေးလှုံ့ဆော်သွား မှာဖြစ်ပြီး နိုဝင်ဘာလကနေ စတင်ကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို အဓိကထား ဝင်ရောက် ဖမ်းဆီးသွားမှာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ကာလအတွင်း မပြန်ဘဲဖမ်းမိပါက ကိုရီးယားနိုင်ငံကို ပြန်လည် ဝင်ရောက်ခွင့် ၁၀ နှစ်ကြာ ပိတ်ထားမှာဖြစ်ကြောင်း ကိုရီးယားသတင်းဌာနတွေက ကြေညာထားပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ နိုင်ငံခြားသားတွေ ဝင်ရောက်လုပ်ကိုင်နေ တာကြောင့် ကိုရီးယားလူမျိုးတွေအနေနဲ့ အလုပ်လက်မဲ့တွေ များပြားလာတာကြောင့် အခုလို တရားဝင်ထုတ်ပြန် ဖမ်းဆီးရတာဖြစ်တယ်လို့လည်းဆိုပါတယ်။

ကိုရီးယားနိုင်ငံမှာ ဗီဇာမဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားပေါင်း မြန်မာအပါအ၀င်  ၃၃၀,၀၀၀ ကျော်ရှိနေပြီး ၂၀၁၇ ခုနှစ်ကထက် ၉၀၀၀၀ နီးပါး များပြားလာခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာနက ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို ဝင်ရောက်ဖမ်းဆီးလို့ ထွက်ပြေးရင်းနဲ့ မြန်မာလုပ်သားတဦး သေဆုံးခဲ့ရပါတယ်။

သတင်း - အောင်ထက်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013