DVB Logo
Home
မြန်မာသတင်း
ဟောလ၀င်းပွဲတော် မတိုင်ခင်ကြည့်ရှုရမည့် လျှို့ဝှက်သည်းဖိုရုပ်ရှင်-Hellfest(နမူနာ)
DVB
·
September 26, 2018
ဟောလ၀င်းပွဲတော် မတိုင်ခင်ကြည့်ရှုရမည့် လျှို့ဝှက်သည်းဖိုရုပ်ရှင်-Hellfest(နမူနာ)
Donate to DVB


ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ လျှို့ဝှက်သည်းဖို ရုပ်ရှင်တွေကြိုက်တဲ့ ပရိ သတ်တွေ နှစ်သက်စေမယ့် Hellfest အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာ ၂၈ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Gregory Plotkin က ပုံဖော်ရိုက်ကူး ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကတော့ လာမယ့် Halloween Season အမီ ထွက်ရှိလာတဲ့ ဇာတ် ကားတကားဖြစ်ပြီး သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ အပြင်အဆင်တွေနဲ့ Amusement Park တခုထဲမှာ အခြေတည်ရိုက်ကူးထားခဲ့တာပါ။ လာရောက်လည်ပတ်ကြတဲ့ လူငယ်တွေဟာ အံ့သြထိတ်လန့်စရာ ခြောက်လှန့်ခံရမှုတွေနဲ့ ပျော်ရွှင်ရလိမ့်မယ်လို့ ထင်ထားခဲ့ကြပေမယ့် သူတို့မျှော်လင့်မထားတဲ့ အရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ လည်ပတ်သူတွေထဲက တယောက်ပြီးတယောက်ကို မျက်နှာဖုံးစွပ် မကောင်းဆိုးဝါး လူသတ်သမားတယောက်က သတ်ခံရချိန်မှာ ဒါဟာ ပျော်ရွှင်ရအောင်ခြောက်လှန့်တာလား။ တကယ့်အမှန်တရားလားဆိုတာကို မသိနိုင်ခဲ့ပဲ ဖြစ်နေခဲ့တဲ့အခြေအနေတွေကို ဒီရုပ်ရှင်ကားထဲမှာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။


ဒီကားထဲမှာတော့ အမေရိကန်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Amy Forsyth, Reign Edwards, Bex Taylor-Klaus နဲ့ Tony Todd တို့က ခေါင်း ဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။


ကြမ်းတမ်းတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေ၊ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။


ဒီရုပ်ရှင်ကားဟာ Rotten Tomatoes မှာတော့ Rating 91 ရာခိုင်နှုန်းထိ ရရှိထားတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013