DVB Logo
Home
မြန်မာသတင်း
ကမန်လူမျိုးအမည်ဖြင့် မှားယွင်းစွာ နိုင်ငံသားကတ်ထုတ်ပေးမှု ပြန်ရုပ်သိမ်းပေးရေးအဆို အတည်ပြု
DVB
·
September 26, 2018
ကမန်လူမျိုးအမည်ဖြင့် မှားယွင်းစွာ နိုင်ငံသားကတ်ထုတ်ပေးမှု ပြန်ရုပ်သိမ်းပေးရေးအဆို အတည်ပြု
Donate to DVB

ဘင်္ဂါလီတွေကို ကမန်လူမျိုးအမည်နဲ့ မှားယွင်းစွာ နိုင်ငံသားကတ်ထုတ်ပေးမှုကို ပြန်လည်ရုပ်သိမ်းပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်ကြောင်းအဆို ရခိုင်ပြည်နယ် လွှတ်တော်မှာ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာက ဘင်္ဂါလီတွေကို ကမန်လူမျိုး အမည်နဲ့ ၁၁/ ရဗန(နိုင်) နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးတာကို ပြန်လည်ရုပ်သိမ်းပေးဖို့ တိုက်ကြောင်းအဆိုကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ် ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။

စက်တင်ဘာ၂၅ ရက်နေ့က ရခိုင်လွှတ်တော်မှာ ဒီအဆိုကို မှတ်တမ်းတင်ထားဖို့ ထောက်ခံသူတဦးနဲ့ အဆိုကို အတည်ပြု ထောက်ခံသူက ၂၉ ဦးဖြစ်တာကြောင့် အတည်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “မှတ်တမ်းတင်ရင် ထောက်ခံသူက ၁ ဦး၊ အတည်ပြုရန် ထောက်ခံသူက ၂၉ ဦးဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒနယ်အမှတ် (၂) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦး အဆိုအား ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်းကြေညာအပ်ပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ်စားလှယ် ဦးသန်းမောင်ဦး ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ထောက်ခံဆွေးနွေးတဲ့ ဘူးသီးတောင်မှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “ဥပဒေနဲ့ မညီဘဲ ကမာန်လူမျိုးဦးရေးတိုးပွားလာအောင် ဆောင်ရွက်ခဲ့မယ်ဆိုပါက ရခိုင်ပြည်နယ်နဲ့ ထိစပ်နေသော လူဦးရေးသန်း ၁၇၀ နီးပါးရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီတွေဟာ မကြာမီ ကမန်ဖြစ်သွားနိုင်ပါတယ်။ တရားမဝင်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ရောက် ရှိလာမယ့်အပြင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်နဲ့လည်း ရောက်ရှိလာ နိုင်ပါတယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံရခိုင်ပြည်နယ်၏ အချုပ်အခြာအာအာဏာသည် အဆိုရှင် တင်ပြသလို ကျည်တလုံးမှမဖောက်ဘဲ တိုင်းတပါးသားလက်ဝယ် ရောက်ရှိသွားမယ် ဖြစ်ပါသောကြောင့် ရမ်းဗြဲမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကုယ်စားလှယ် ဦးသန်းမောင်ဦးရဲ့ အဆိုအား လေးလေးနက်နက် ထောက်ခံအပ်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း ဒီအဆိုကို မှတ်တမ်းတင်ထားဖို့ ထောက်ခံသူတဦးရှိခဲ့ပါတယ်။

တောင်ကုတ်မဲန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြည်နယ် အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းခွင့်မရှိဘူးလို့ ပြောကြားသွားပါတယ်။

“တိုက်တွန်းလို့ မရဘူး။ အဲ့ဒါ ရှင်းရှင်းလင်းလင်းပြောထားပြီးသား၊ ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေက ဖွဲ့စည်းပုံဥပဒေအရ ပြည်ထောင်စုအစိုးရကိုကူညီဖို့သာ တာဝန်ရှိတယ်။ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတာတို့ လွှမ်းမိုးတာတို့ ပြည်ထောင်စုအစိုးရကို လုပ်ခိုင်းတာတို့ လုပ်ခွင့်မရှိဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၊ ဒါကိုသိထားရင်တော့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းတယ်ဆိုတာ ဘယ်တော့မှလုပ်လို့ ရမှာမဟုတ်ဘူး။”

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာက လူ ၃၀၀၀ ကျော်ကို ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင်ထုတ် ပေးခဲ့တာဟာ ဥပဒေနဲ့အညီ လုပ်ခဲ့တာဖြစ်ပြီး ကန့်ကွက်တာတွေရှိနေတာကြောင့် အသေးစိတ်ပြန်လည် စိစစ်မယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013