DVB Logo
Home
မြန်မာသတင်း
စသုံးလုံး စစ်ဆေးဖမ်းဆီးမှုများကြောင့် ရန်ကုန် ဒေါ်လာနှင့် ရွှေဈေးကွက် ပိတ်ထား
DVB
·
September 25, 2018
စသုံးလုံး စစ်ဆေးဖမ်းဆီးမှုများကြောင့် ရန်ကုန် ဒေါ်လာနှင့် ရွှေဈေးကွက် ပိတ်ထား
Donate to DVB

အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး)က ဒေါ်လာနဲ့ ရွှေကုန်သည်တွေကို မနေ့ကစတင်ကာ စစ်ဆေးဖမ်းဆီးမှုတွေရှိနေတဲ့အတွက် ရန်ကုန်မှာ  ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့အတွက် ဒေါ်လာနဲ့ ရွှေဈေးကွက် ပိတ်ထားပါတယ်။

ရန်ကုန်မြို့ ရွှေဈေးကွက်နဲ့ ပြင်ပဒေါ်လာဈေးကွက်ဟာ အပတ်စဉ် စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာပဲ ဈေးကွက်ပိတ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သက်ဆိုင်ရာက ဖမ်းဆီးမှုတွေကြောင့် ဈေးကွက်ပိတ်နေတာပါ။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှာရွှေကို ငွေပေးမချေဘဲ  လေနဲ့ရောင်း လေနဲ့ဝယ် လေပတ်ကားစနစ်နဲ့ အရောင်းအ၀ယ်လုပ်နေရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ပစ္စည်းရောက် ငွေအကြေစနစ်ကို ပြောင်းလဲခဲ့ပြီး နောက်တရက်မှာ အာဏာပိုင်တွေက စစ်ဆေးမှုတွေ စတင်လာတာပါ။

ရွှေအထည်ရောင်းတဲ့ဆိုင်တွေကတော့ မနေ့က ပေါက်ဈေးအခေါက်ရွှေ ၁ ကျပ်သားကို ကျပ်ဆယ်သိန်းတစ်သောင်းဝန်းကျင်နဲ့ အရောင်းအ၀ယ်ပြုလုပ်နေပြီး ရွှေတုံးရွှေချောင်းတွေတော့ အရောင်းအ၀ယ် ရပ်နားထားပါတယ်။

ဒေါ်လာဈေးဟာလည်း ၁ ဒေါ်လာကို ၁၆၀၀ ကျပ်ဝန်းကျင်နဲ့ တရားဝင်ငွေလဲကောင်တာ တွေမှာပဲ အရောင်းအ၀ယ်လုပ်နေပြီးတော့ ပြင်ပပေါက်ဈေးကိုတော့ ရပ်နားထားတာပါ။

အခုလို ဒေါ်လာဈေးနဲ့ ရွှေဈေးကို အင်အားသုံး ထိန်းချုပ်စစ်ဆေးမှုတွေဟာ ပြင်ပ ဒေါ်လာနဲ့ ရွှေဈေးကွက်ကို တရားမ၀င်ဈေးကွက်ထဲ ရောက်သွားနိုင်တယ်လို့ မြန်မာ စီးပွားရေး ပညာရှင်တဦးက ပြောပါတယ်။

အခုလို ဒေါ်လာနဲ့ ရွှေဈေးတွေ  ပေါက်ဈေး မဖွင့်နိုင်တာမျိုး အရင် စစ်အစိုးရ လက်ထက်ထဲမှာလည်း  တကြိမ်ကြုံတွေ့ခဲ့ရဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013