DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 25, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၄၉၀၀၀  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ် တက်လာပါတယ်။

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ် ကို ၅၀၀၀၀ ကနေ ၅၈၀၀၀ ပေါက်ဈေရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၉၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၆၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ တစ်အိတ်ကို ၃၇၀၀၀ ကနေ ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

 

ကုလားပဲ v2

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၇၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၆၂၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၈၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

နှမ်းနက်(စမုံ)

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၂၃၅၀၀၀ ကနေ ၂၆၀၀၀၀ ပေါက်ဈေးရှိပါတယ်။

အောင်လံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၄၄၀၀၀ ကနေ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေး နဲ့ အောင်လံ ကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀၀ ဈေးကွာခြားမှုရှိပါတယ်။

 

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁၈၀၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၈၁၀ ကနေ ၁၈၃၀ ပေါက်ဈေးရှိပြီး မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၃၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ကြက်သွန်နီ

ကြက်သွန်အဓိက ၀င်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၁၀၅၀ ကနေ ၁၂၀၀ ရှိပြီး ၁ ပိဿာကို ၅၀ ကျပ်ဈေးတက်ာလပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၀၀၀ ကနေ ၁၂၀၀ ရှိပြီး ၁ ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူ နဲ့မြင်းခြံ ကုန်စည်ဒိုင် ၁ ပိဿာကို အနိမ့်ဆုံးဈေး ၅၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013