DVB Logo
Home
မြန်မာသတင်း
သထုံမြို့တွင် ၁ သောင်းတန် ငွေစက္ကူအတု သိန်း ၁ ထောင်ကျော်ဖိုး ဖမ်းမိ
DVB
·
September 25, 2018
သထုံမြို့တွင် ၁ သောင်းတန် ငွေစက္ကူအတု သိန်း ၁ ထောင်ကျော်ဖိုး ဖမ်းမိ
Donate to DVB

မွန်ပြည်နယ် သထုံမြို့မှာ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ ၇ နာရီ ၃၅ မိနစ်လောက်က သထုံမြို့ လိပ်အင်းရပ်ကွက်နေ ဒေါ်ဌေးဌေး(၅၀)နှစ်ရဲ့ နေအိမ်ကို သထုံခရိုင်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ဒေါ်ဌေးဌေးရဲ့ နေအိမ်မှာ ရောက်ရှိတည်းခိုနေတဲ့ ဇော်မင်းနိုင်(ခ) ကိုဇော်(၄၆)နှစ်ရဲ့ အခန်းအတွင်းမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုတွေ တွေ့ရှိခဲ့တာပါ။

၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်၊ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအစစ် ၃ ရွက်၊ ၁၀,၀၀၀ ငွေစက္ကူ မိတ္တူတခြမ်းကူးထားတဲ့ A4 စာရွက် ၂၂၀ ရွက်၊ မိတ္တူ ၂ ဖက် ကူးထားတဲ့ A4 စာရွက် ၉ ရွက်၊ ကာလာပရင်တာ ၁ လုံး၊ MYANMAR စာတန်းပါ မိုလောင်းထားတဲ့ ခဲပြားကပ်ထားတဲ့ ဖိစက် ၁ ခု၊ စက္ကူဖြတ်စက် ၁ ခု၊ ပရင်တာဆေးရည် ၄ ဘူး၊ ပလတ်စတစ်တိတ်ခွေ ၂ ခွေ၊ Safeguard ၁ ခု၊ မီးကြိုးခွေ ၁ ခွေ၊ ပေတံ ၁ ချောင်း၊ ကော်ဘူး ၃ ဘူး၊ ရေစာတံဆိပ်တုံး ၂ ခု၊ ခဲမို ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ ခါးပတ်အိတ် ၁ လုံးနဲ့ ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၁ လလောက်ကစပြီး ဒေါ်ဌေးဌေးနေအိမ်မှာ တည်းခိုနေတဲ့ ဇော်မင်းနိုင်ထံကို သထုံမြို့နယ်၊ အလံတစ်ရာကျေးရွာနေ ဘိုလေး (စိစစ်ဆဲ) ရောက်ရှိလာပြီးနောက် အခန်းမှာ ငွေစက္ကူအတုတွေ ပြုလုပ်ခဲ့ကြောင်း သိရတာလို့ ဆိုပါတယ်။

ဒေါ်ဌေးဌေး၊ ဇော်မင်းနိုင်(ခ)ကိုဇော်တို့ ၂ ဦး(ဖမ်းမိ) နဲ့ ဘိုလေး (ဖမ်းမမိ) တို့ကို သထုံမြို့နယ် ရဲစခန်း(ပ)၇၉၅/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013