DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင်  နိုင်ငံတကာအဆင့်မီ စက်မှုဇုန် ရင်းနှီးမြှုပ်နှံရန် တရုတ်ကမ်းလှမ်း
DVB
·
September 25, 2018
ပဲခူးတွင်  နိုင်ငံတကာအဆင့်မီ စက်မှုဇုန် ရင်းနှီးမြှုပ်နှံရန် တရုတ်ကမ်းလှမ်း
Donate to DVB

ပဲခူးမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခုကို ရင်းနှီးမြှုပ်နှံဖို့ တရုတ်ကုမ္ပဏီက ဒီကနေ့ လာရောက်ကမ်းလှမ်းခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရက သတင်းထုတ်ပါတယ်။

စက်တင်ဘာ ၂၅ရက်မနက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဝန်ကြီးချုပ်ကို  Zillionier Trading ကုမ္ပဏီရဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံအခြေစိုက်၊ မြန်မာကျဲ့ကျန်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ မစ္စတာ တူဂေါင်ဒင်းခေါင်းဆောင်တဲ့  ကိုယ်စားလှယ်အဖွဲ့က လာရောက် တွေ့ဆုံ ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။

တွေ့ဆုံရာမှာ မစ္စတာ တူဂေါင်ဒင်းက “ပဲခူးဒေသအား ဖွံ့ဖြိုးတိုးတက်စေရန်နဲ့ ဒေသခံ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံမှ စက်မှုလုပ်ငန်းရှင်တွေပူးပေါင်းကာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခု ရင်းနှီးမြှုပ်နှံနိုင်ရန် လာရောက်ကမ်းလှမ်းရတာဖြစ်တယ်၊  မိမိတို့လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရရှိခဲ့ပါက ဒေသခံပြည်သူ (၁)သိန်းမှ (၆)သိန်းအထိ အလုပ်အကိုင်အခွင့်အလန်းတွေ ဖန်တီးပေးနိုင်မယ်”လို့ပြောပါတယ်။

ဒီစက်မှုဇုန်မှာ အဓိကအားဖြင့် စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးထုတ်ကုန်၊ လူသုံးကုန်၊ လယ်ယာသုံး စက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများထုတ်ကုန်၊ အထည်ချုပ် စတဲ့စက်ရုံတွေ တည်ထောင် သွားမယ်လို့လည်း ဆိုပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုနေတဲ့ အကြောင်း၊  ပဲခူးဒေသဟာ ကုန်းလမ်းကြောင်းအရ လမ်းဆုံမြို့ဖြစ်လို့ ပြည်တွင်း ကုန်စည်ဖြန့်ဖြူးမှုကို လွယ်ကူစေနိုင်ကြောင်းနဲ့ စက်မှုဇုန်ကို မြန်မြန်ဆန်ဆန် အကောင် အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်းပြောသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ-ပဲခူးတိုင်းအစိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013