DVB Logo
Home
မြန်မာသတင်း
ရထားလမ်းဖောက်ရာတွင် အမှန်တကယ်နစ်နာသည့် နတ်မောက်တောင်သူများ လျော်ကြေးမရ
DVB
·
September 25, 2018
ရထားလမ်းဖောက်ရာတွင် အမှန်တကယ်နစ်နာသည့် နတ်မောက်တောင်သူများ လျော်ကြေးမရ
Donate to DVB

မကွေး-နတ်မောက်-ပျော်ဘွယ် မီးရထားလမ်းဖောက်လုပ်ချိန်က လယ်ယာမြေပျက်စီး ဆုံးရှုံးခဲ့တဲ့ တောင်သူတွေအတွက် စက်တင်ဘာ ၁၇ ရက်က အစိုးရက လျော်ကြေးပေးအပ်ခဲ့ပါတယ်။

ဒါပေမယ့် အမှန်တကယ် နစ်နာဆုံးရှုံးတဲ့တောင်သူတွေမရဘဲ နစ်နာဆုံးရှုံးမှုမရှိတဲ့ သူတွေက လျော်ကြေးရနေတယ်လို့ နိုင်ငံရေးတက်ကြွသူတဦးဖြစ်တဲ့ ဦးဇော်မင်းထိုက်က ပြောပါတယ်။

      ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်က မကွေး-နတ်မောက်-ပျော်ဘွယ်  မီးရထားလမ်း ဖောက်လုပ်ရာမှာ နစ်နာသူတွေကို လျော်ကြေးပေးတာဖြစ်ပြီး လယ်မြေဆုံးရှုံးပြီး လျော်ကြေး မရသူတွေရှိသလို  အမှန်တကယ်လယ်မြေတွေ မထိခိုက်ဘဲ လျော်ကြေးတောင်းခံသူတွေ ရှိနေတယ်လို့လည်း ဦးဇော်မင်းထိုက်က ပြောပါတယ်။

နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာမှာဆိုရင် လယ်မြေပျက်စီးပြီး လျော်ကြေးမရတဲ့ တောင်သူ ၆ ဦးရှိနေပြီး လယ်မြေမထိခိုက်ဘဲ လျော်ကြေးတောင်သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

“ကနဦးလျော်လိုက်တဲ့ဟာက ကျပ် သိန်း ၂ဝဝဝ ဖြစ်ပါတယ်။ ဘယ်လိုလုပ်တယ်ဆိုရင် သာမန် လျော်ရမယ့် လူဦးရေထက်ကို ပိုပြီးတော့ မြေစာရင်းဌာနကနေ ပိုတင်လိုက်တာပေါ့။ တောင်သူဦးရေက ၁ဝ နဲ့ချီရှိပြီးတော့ ငွေကတော့ ကျပ်သိန်း ၅ဝဝ အထက်မှာ ပိုပြီးတော့ တောင်းထားတာပေါ့။”

ပြည်ထောင်စုဘတ်ဂျက်အရ နတ်မောက်မြို့နယ် တမာပင်၊ အင်းကုန်း၊ တံခွန်တိုင်၊ ပိတောက်ငုတ်ကျေးရွာ တောင်သူတွေကို ကျပ်သိန်းပေါင်း ၂၆၆ဝ ကျော် လျော်ရဖို့ရှိရာမှာ စက်တင်ဘာ ၁၇ ရက်က ကျပ်သိန်းပေါင်း ၂ဝဝဝ ကနဦးအနေနဲ့ ပေးလိုက်တာ ဖြစ်ပါတယ်။

“အခု နတ်မောက်-ပျော်ဘွယ်-နတ်မောက်-မကွေး မီးရထားလမ်းကို ၂ဝ၁ဝ ကနေ ဖြတ်သန်းဖောက်လုပ်လိုက်တယ်။ ဒီလယ်ယာမြေလျော်ကြေးတွေကိုအစဉ်တစိုက်လျော်ခဲ့တယ်။ အခုလက်ရှိ နတ်မောက်မြို့နယ်ထဲက တမာပင်၊ အင်းကုန်း၊ တံခွန်တိုင်၊ ပိတောက်ငုတ်ကျေးရွာ အစရှိတဲ့ ကျေးရွာက တောင်သူတွေကို နစ်နာကြေး လျော်ကြေးပေးတဲ့အချိန်မှာ အမှန်တကယ် ရထားလမ်းဖောက်ခံရခြင်းမရှိဘဲနဲ့ မီးရထားလမ်း ဖြတ်ဖောက်တဲ့ပုံစံနဲ့သူက ငွေကို တောင်းတာပေါ့။ ”

ဒီိကိစ္စနဲ့ ပတ်သက်ပြီးတော့ စက်တင်ဘာ ၂၄ ရက်စွဲနဲ့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ဆောက်လုပ်ရေးဝန်ကြီးနဲ့ လယ်ဆည်ဝန်ကြီးတွေဆီကိုလည်း တိုင်စာ ပို့ထားတယ်လို့လည်း ပြောပါတယ်။

နတ်မောက်မြို့နယ်မှာ ၂ဝ၁ဝ ပြည့်နှစ်က အဆိုပါ မီးရထားလမ်းဖောက်လုပ်ခဲ့ရာမှာ တောင်သူ ၁၂ဝ ကျော်ရဲ့ာမြေဧကပေါင်း ၁ဝ၆ ဒသမ ဝ၇ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013