DVB Logo
Home
မြန်မာသတင်း
အလုပ်ထုတ်ခံရသည့် ဖုယွင်အထည်ချုပ်အလုပ်သမားများနှင့် အန်အယ်လ်ဒီတွေ့ဆုံ
DVB
·
September 25, 2018
အလုပ်ထုတ်ခံရသည့် ဖုယွင်အထည်ချုပ်အလုပ်သမားများနှင့် အန်အယ်လ်ဒီတွေ့ဆုံ
1 / 5
Donate to DVB

ဒဂုံဆိပ်ကမ်း ဖုယွင်အထည်ချုပ်စက်ရုံကအလုပ်သမား ၇ဝ ကျော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်သမားရေးရာကော်မတီတို့ ဒီကနေ့ ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံးခန်းမှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃ဝ ကို သြဂုတ် ၂ဝ ရက်က အကြောင်းပြချက်မရှိ အလုပ်ထုတ်လိုက်တဲ့အပေါ် ပြန်လည်ခန့်ပေးဖို့ သပိတ်စခန်းဖွင့်ပြီး အလုပ်သမားနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်အင်အား ၂ဝဝ ကျော် က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့တာ ရက်ပေါင်း ၃၆ ရက် ရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့်အခုချိန်အထိ သက်ဆိုင်ရာအစိုးရအဖွဲ့က ပြေလည်အောင် ဖြေရှင်းမပေးတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဌာနချုပ်ကို လာရောက်ပြီး တွေ့ဆုံဆွေးနွေးရတာလို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူးတွေဖြစ်ကြတဲ့ ဦးအောင်ဌေးဝင်းနဲ့ ဦးတင်ကိုကိုနိုင်တို့ကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်က ဒဂုံဆိပ်ကမ်းစက်မှုဇုံရှိ ကနောင်ခန်းမမှာ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ပြဿနာကို ညှိနှိုင်းဖြန်ဖြေပေးခဲ့ပါတယ်။

အဲဒီမှာ စက်ရုံကနေ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၃ဝ ကို ပြန်လည်အလုပ်ခန့်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်ကို ဥပဒေပါအတိုင်း ညွှန်ကြားခဲ့ပေမယ့် ဒီကနေ့အချိန်အထိ လုပ်ငန်းရှင်တွေဘက်က လိုက်နာ ဆောင်ရွက်ပေးတာမျိုး မရှိသေးဘူးလို့ သပိတ်မှောက်အလုပ်သမားတွေက ပြောပါတယ်။

ဖုယွင်စက်ရုံတရုံထဲရဲ့ အကျိုးခံစားခွင့်တွေကိုသာ ရည်ရွယ်ပြီး သပိတ်တိုက်ပွဲ ဝင်နေခြင်းမဟုတ်ဘဲ တနိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်သမား သမဂ္ဂတွေအတွက် ကိုယ်စားပြုပြီးတိုက်ပွဲဝင်နေတာလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ဗဟို အလုပ်သမားရေးရာကော်မတီကအနေနဲ့ ဘယ်လိုဆက်လက် ကူညီလုပ်ဆောင်ပေးမယ်ဆိုတာတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013