DVB Logo
Home
မြန်မာသတင်း
အိန္ဒု-ကော့ကရိတ်လမ်းပိုင်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို ပြည်နယ်အစိုးရက ကြီးကြပ်မည်
DVB
·
September 25, 2018
အိန္ဒု-ကော့ကရိတ်လမ်းပိုင်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို ပြည်နယ်အစိုးရက ကြီးကြပ်မည်
Donate to DVB

အိန္ဒု-ကော့ကရိတ်လမ်းပိုင်း တာဝန်ယူထားတဲ့ CRBC ကုမ္ပဏီကို ပြည်နယ်အစိုးရက အနီးကပ်ကြီးကြပ်သွားမယ်လို့ ၀န်ကြီး ဦးစောပြည်သာက ပြောဆိုပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက် ၁၀ နာရီက ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး အစည်းအဝေးမှာ မြ၀တီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ဦးသန့်ဇင်အောင် ရဲ့(CRBC)ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေတဲ့ ကော့ကရိတ်-အိန္ဒု လမ်းပိုင်း အဆင်မြှင့်တင်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ကြယ်ပွင့်ပြ မေးမြန်းခဲ့တဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာပါ။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစောပြည်သာက “ADB ကနေပြီးတော့ တင်ဒါခေါ်တယ်။ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီးဌာနက အဲဒီနေရာမှာ ဘာလုပ်ချင်တယ်ဆိုရင် ကွန်ဇာတက်ခ်ကို ညွှန်ကြားတယ်။ ကွန့်ဇာတက်ခ်က CRBC ကို ညွှန်ကြားဆောင်ရွက်တယ်။ အဲဒီမှာ ကရင်ပြည်နယ်အစိုးရက လိုအပ်တာဝိုင်းဝန်းပံ့ပိုးဖြည့်ဆည်းပေးဖို့”လို့ ပြောပါတယ်။

မြ၀တီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးသန့်ဇင်အောင်က “CRBC ကုမ္ပဏီက တာဝန်ယူထားတဲ့အပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်စေလို့ပါတယ်။ ဘာဖြစ်လို့လဲဆို ကျနော်တို့က လက်ရှိ CRBC ဆောင်ရွက်နေတဲ့ လမ်းပိုင်းမှာ အိန္ဒု-ကော့ကရိတ် လမ်းပိုင်းဟာ မြန်မာနိုင်ငံရဲ့ ဒုတိယ နယ်စပ်ကုန်သွယ်ရေး အဓိကဗဟိုပြုသွားလာနေတဲ့အတွက်ကြောင့်မို့ အခုတိုင်းရင်းသားပြည်သူ လုပ်ငန်းရှင်တွေ အများကြီးထိခိုက်တယ်” လို့ ပြောပါတယ်။

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို တက်ရောက်ရန် ပျက်ကွက်သူမရှိဘဲ ရာခိုင်နှုန်းအပြည့်နဲ့ ကျင်းပပြုလုပ်ခဲ့ရာမှာ ကြယ်ပွင့်ပြမေးခွန်း ၁၃ ခု၊ ဥပဒေကြမ်း ၂ ရပ်ကို ဆွေးနွေးခဲ့ကြပါတယ်။

ADB (အာရှဖွံ့ဖြိုးရေးဘဏ်) က လွန်းညကျောက်တောင်ကနေ ကျောက်ထုတ်ယူနေတဲ့ တရုတ်ကုမ္ပဏီ (CRBC) ကို ၂၀၁၈ မေ ၂ ရက်နေ့ကစပြီး ADB က ဒေသခံပြည်သူတွေရဲ့ တင်ပြမှုနဲ့ သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် အစီအရင်ခံစာ တင်ပြနေစဉ်အတွင်း ယာယီရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့တဲ့အတွက် လမ်းလုပ်ငန်းတွေပါ ယာယီရပ်ဆိုင်းထားစဉ် မိုးရွာသွန်းမှုနဲ့ ယာဉ်သွားလာမှုတွေကြောင့် လမ်းပိုင်းပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

အဆိုပါ စီမံကိန်းကို ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အာဆီယံ အခြေခံအဆောက်အဦဆိုင်ရာ ရန်ပုံငွေအဖွဲ့ကနေ အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးယူပြီးလုပ်ဆောင်နေတာဖြစ်ပြီး ၂၀၂၀ ခုနှစ်အပြီး ဆောင်ရွက်ရမယ့် စီမံကိန်းဖြစ်ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013