DVB Logo
Home
မြန်မာသတင်း
ဘားအံမှ နေပြည်တော်ထိ ခရီးရှည်လမ်းလျှောက်ဆန္ဒပြသူများ ဖြူးမြို့နယ် ရောက်ရှိ
DVB
·
September 25, 2018
ဘားအံမှ နေပြည်တော်ထိ ခရီးရှည်လမ်းလျှောက်ဆန္ဒပြသူများ ဖြူးမြို့နယ် ရောက်ရှိ
Donate to DVB

မြေယာပြဿနာများဖြေရှင်းပေးရေးအတွက်  ကရင်ပြည်နယ်၊ ဘားအံမြို့ကနေ နေပြည်တော်အထိ လမ်းလျှောက်ဆန္ဒပြနေသူတွေဟာ ဒီနက်  ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ထဲကို ရောက်ရှိလာပါတယ်။

ဆန္ဒထုတ်ဖော်မှုကို (၈၈) ကရင်မျိုးဆက်ကျောင်းသားတွေရဲ့ လူမှုဖွံ့ဖြိုးရေးအသင်းက လုပ်ဆောင်တာဖြစ်ပြီး လမ်းလျှောက်ဆန္ဒဖော်ထုတ်မှုကို စက်တင်ဘာ ၁၅ ရက်နေ့က ဘားအံမြို့ ကျောက်တိုင်ကွင်းမှစတင်ကာ တရက်ကို မိုင် ၂၀ နှုန်းနဲ့ လမ်းလျှောက်နေတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ နေပြည်တော်အထိသွားရောက်ကာ  ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ နဲ့ တွေ့ဆုံခွင့်ပြုရေး၊ လယ်ယာမြေ ပြဿနာတွေကို ဆွေးနွေးခွင့်ပြုဖို့ တင်ပြထားပြီးဖြစ်တယ်လို့ ဦးဆောင်သူတဦးက ပြောပါတယ်။

ဦးဆောင်သူ (၈၈) ကရင်မျိုးဆက်ကျောင်းသားတွေရဲ့ လူမှုဖွံ့ဖြိုးရေးအသင်းမှ ဦးစိုင်းသီဟ က “မြေယာကိစ္စတွေကို တင်ပြဖို့အတွက်ပါ အဓိကအချက် ၅ ခုရှိပါတယ်။ ဘားအံ ကနေ ၁၅ ရက်နေ့က ထွက်လာခဲ့တာ။ လယ်ယာမြေနဲ့ပတ်သက်တဲ့ ကိစ္စတွေ ဘားအံမှာ အများကြီးပဲ။ သက်ဆိုင်ရာဌာနတွေ ပိုသိပါတယ်။ ချမှတ်ထားတဲ့ မူဝါဒဥပဒေအတိုင်း မှန်မှန်ကန်ကန် လုပ်ပေးစေချင်တာ။ ဒါဆိုအားလုံးအဆင်ပြေသွားပြီ သမ္မတထံလည်း တင်ပြထားပြီးပါပြီ။ လယ်ယာမြေကိစ္စ အဓိက တင်ပြဆွေးနွေးမှာ တွေ့ခွင့်မရခဲ့ရင် မတွေ့မချင်းထိုင်စောင့်ပြီး တွေ့မှာပါ” လို့ ပြောပါတယ်။

ခုလိုဆန္ဒထုတ်ဖော်ဖို့ ကရင်ပြည်နယ် တာဝန်ရှိသူတွေထံ တင်ပြရာမှာ ကန့်ကွက်ခံခဲ့ရသလို ဘားအံမြို့ကျောက်တိုင်ကွင်းက စထွက်စဉ်မှာလည်း လမ်းလျောက်သူ ၄ ဦးအနက် ၃ ဦးကို ငြိမ်းစုစီ ပုဒ်မ ၂၀ နဲ့ တရားစွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ ဒုသမ္မတဟင်နရီဗန်ထီးယူနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရရှိရေး၊ ဥပဒေအထက်မှာ မည်သူမှမရှိစေရေး၊ သိမ်းဆည်းမြေကိစ္စ တိကျမှန်ကန်စွာ စိစစ်ပေးရေး ဒို့အရေး စာသားပါ ပိုစတာတွေကို ကိုင်ဆောင်ပြီး လမ်းလျှောက်နေတာလဲ ဖြစ်ပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013