Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော်၌ တိုင်းဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)တင်သွင်း
Aung Ko Latt
·
September 25, 2018
42578508_890741707797492_7833558492890791936_n
၂၀၁၈-၁၉ ဘဏ္ဍာနှစ် တိုင်းဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)ကို စစ်ကိုင်း တိုင်း အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီးက ဒီကနေ့  စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းလိုက်ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၆ ကြိမ်မြောက်ပုံမှန် အစည်းအဝေး ကို ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြန်လည်စတင်ရမှ တင်သွင်းလိုက်တာ ဖြစ်ပြီး ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမည်စာရင်း တင်သွင်းကြဖို့ကိုလည်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ ၁၀၀ ဦးရှိတဲ့အထဲက ၉၅ ဦးတက်ရောက်ပြီး ကိုယ်စားလှယ် ၁၀ ဦးက ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ မေးခွန်း ၁၀ ခုကို မေးမြန်းခဲ့ကြပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂ နှစ်ခွဲကျော်ကာလအတွင်း ပုံမှန်အစည်းအဝေး ၁၆ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ် စုစုပေါင်း ၂၀ ကြိမ်ထိ ကျင်းပနိုင်ခဲ့ပြီး မေးခွန်းပေါင်း ၁ထောင်ကျော်၊ အဆို ၂၀ ကျော်တို့ကို မေးမြန်းဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024