DVB Logo
Home
မြန်မာသတင်း
ဝယ်ယူထားသည့်လယ်မြေတွင် စိုက်ပျိုးခွင့်မပြုသဖြင့် ရွှေကျင်မြို့နယ်တွင် တောင်သူများ ဆန္ဒပြ
DVB
·
September 25, 2018
ဝယ်ယူထားသည့်လယ်မြေတွင် စိုက်ပျိုးခွင့်မပြုသဖြင့် ရွှေကျင်မြို့နယ်တွင် တောင်သူများ ဆန္ဒပြ
Donate to DVB

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ မြို့နယ်မြေယာ စီမံခန့်ခွဲရေးကော်မတီထံက ဝယ်ယူထားပြီး နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်လာတဲ့ တောင်သူတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက လယ်ယာမြေ စိုက်ပျိုးခွင့်မပြုလို့ ဒေသခံတောင်သူ ၃၀ ကျော်က ဒီကနေ့ မနက် ဆန္ဒပြခဲ့ကြပါတယ်။

အနောက်ဘက်ကျေးရွာအုပ်စု၊ မဒေါက်ကလေးမြောက်အရပ်၊ ကရင်မသင်္ချိုင်းစား ကျက်ကွင်း အမှတ် (၁၂- ခ)ကို ၁၉၉၈-၉၉ ခုနှစ်က မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ လက်မှတ်နဲ့ မြေယာခွဲဝေချထားပြီး မြို့နယ်ဌာန ဆိုင်ရာပေါင်းစုံက တောင်သူတွေကို တဆင့် ပြန်လည်ရောင်းချခဲ့လို့ ဝယ်ယူထားခဲ့တာဖြစ်ပြီး ခုအချိန်ထိ နှစ်ပေါင်း ၂၀ ကျော် ဧက ၁၀၀ နီးပါးကို တောင်သူ ၃၀ကထွန်ယက်စိုက်ပျိုးနေတာကို တားမြစ်ခံခဲ့ရတာပါ။

စက်တင်ဘာ ၁၉ ရက်ကမှာ ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူးက တောင်သူတွေကို ခေါ်ယူတွေဆုံပြီး လက်ရှိ လုပ်ကိုင်နေတဲ့မြေဟာ စားကျက်မြေဖြစ်တဲ့အတွက် တောင်သူတွေ ဆက်မလုပ်ဖို့ တားဆီးခဲ့ပြီး ကျူးကျော်ဝင်ရောက်စိုက်ပျိုးပါက တရားစွဲဆိုသွားမယ်လို့ ပြောဆိုတာကို ကျေနပ်မှုမရှိလို့ ဆန္ဒပြတောင်းဆိုရတာလို့ တောင်သူဦးစိုးအောင်က ပြောပါတယ်။

“ကျနော်တို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်ထဲက ဌာနဆိုင်ရာ တွေက ရောင်းချထားလို့ ဝယ်ယူစိုက်ပျိုးခဲ့တဲ့လယ်မြေတွေပါ။ အဲ့အချိန်က ရောင်းချခဲ့တဲ့ ဝန်ထမ်းတွေတောင် အခုထိမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ရှိသေးတယ်။ အခုချိန်မှစားကျက်မြေ မကျူးကျော်ရဘူးဆိုပြီး တားဆီးတော့ စိုက်ပျိုးပြီးသား လယ်မြေတွေထဲဆင်းဖို့ရာ အခက်အခဲတွေဖြစ်ရသလို နစ်နာမှုတွေရှိနေတယ်"

မှတ်တမ်းတွေအရ မြို့နယ်အေးချမ်းသာယာရေးလက်ထက်မှာ စားကျက်မြေအတွင်း စိုက်ပျိုးလုပ်ကိုင်ခွင့် ချထားပေးခဲ့ပြီး အဲ့အချိန်က စားကျက်မြေ ပယ်ဖျက်ခွင့်တင်ခဲ့ပေမယ့် စားကျက်မြေပယ်ဖျက်ခွင့် မရရှိခဲ့တဲ့အတွက် လက်ရှိမြေအမျိုးအစားဟာ စားကျက်မြေအဖြစ်သာ တည်ရှိနေတာကြောင့် ဥပဒေအရ တားရတာလို့ ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဒီဗွီဘီကို ပြောပါတယ်။

“တောင်သူတွေဘက်က ခံယူတာကတော့ သူတို့စိုက်ပျိုးလာတာ နှစ်ပေါင်းကြာလာပြီ။ ဒါကြောင့်သူတို့က စားကျက်မြေ ကျူးကျော်တဲ့သူတွေ မဟုတ်ဘူးလို့ သတ်မှတ်တယ်။ ဒါကတော့ သူတို့ဘက်က ခံယူချက်ပါ။ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်း သတ်မှတ်ထားတဲ့ ဥပဒေအရဆိုရင် စားကျက်မြေအဖြစ် ပယ်ဖျက်ခွင့်မရတဲ့ မည်သည့်မြေမဆို စားကျက်မြေအဖြစ် သတ်မှတ်ထားတဲ့အတွက် အခုလုပ်ကိုင်နေတဲ့ သူတွေကို ကျူးကျော်တယ်လို့ပဲ ယူဆထား တယ်။”

ဆန္ဒပြတောင်းဆိုရာမှာ မဒေါက်ကလေးမြောက်အရပ်ကွင်းအမှတ် ၁၂ (ခ) စားကျက်မြေ ပယ်ဖျက်ခွင့်ရရှိရေး၊ မဒေါက်ကလေးမြောက်အရပ်ကွင်းအမှတ် ၁၂ (ခ) စားကျက်မြေပေါ်တွင် နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်လာသောတောင်သူတွေ မူလအတိုင်း လယ်ယာမြေစိုက်ပျိုးခွင့် ရရှိရေး၊ တောင်သူလယ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင် လာသူတောင်သူတွေကို တားဆီးပိတ်ပင်တာတွေ ချက်ချင်းရပ်ဆိုတဲ့ ဗီနိုင်းပါ စာသားတွေကို ကိုင်ဆောင်ကြွေးကြော်ပြီး မဒေါက်ကလေးတံတားထိပ်မှစတင်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013