DVB Logo
Home
မြန်မာသတင်း
လုယက်ဖောက်ထွင်းမှု လျော့ကျရေး လှိုင်သာယာတွင် ရဲလုံခြုံရေးအင်အား တိုးချ
DVB
·
September 25, 2018
လုယက်ဖောက်ထွင်းမှု လျော့ကျရေး လှိုင်သာယာတွင် ရဲလုံခြုံရေးအင်အား တိုးချ
Donate to DVB

ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုတွေ လျော့နည်းရေးအတွက် ရန်ကုန် လှိုင်သာယာမြို့နယ်မှာ လုံခြုံရေးအင်အား တိုးချဲ့ချထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောဆိုလိုက်ပါတယ်။

လှိုင်သာယာမြို့နယ်မှာ လူထုလူတန်းစားအလွှာအသီးသီးနေထိုင်ကြပြီး အခြေခံလူတန်းစားက အများဆုံးနေထိုင်ကြလို့ မှုခင်းဖြစ်ပွားမှုမှာ အခြားမြို့နယ်တွေထက် ပိုမိုဖြစ်ပွားနိုင်တာကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ လှိုင်သာယာမြို့နယ်မှာ ဖွဲ့စည်းပုံအင်အားထက် ပိုမိုတာဝန်ခွဲဝေချထား ဆောင်ရွက်တာလို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့က ကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင်က လှိုင်သာယာမြို့နယ်အတွင်း ခိုးမှု၊ လုယက်မှုနဲ့ ဖောက်ထွင်းမှုတွေ အခုထက်ပိုမိုလျော့နည်းအောင် သက်ဆိုင်ရာ ဌာနတွေအနေနဲ့ ထိရောက်သော အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊နဲ့ မှုခင်းကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို လှိုင်သာယာမြို့နယ်အတွင်း အရှိန်မြှင့်တင်ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေကို မေးမြန်းရာမှာ ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“နေ့ညမပြတ် ယာဉ်စစ်ပိတ်ဆို့ လုပ်ငန်းများဆောင်ရွက်ခြင်း၊ နယ်မြေအတွင်း ကင်းလှည့်စောင့်ရှောက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လှိုင်သာယာမြို့နယ် အတွင်း မှုခင်းများ လျော့နည်းကျဆင်းရေးနှင့် နယ်မြေအတွင်း ပြစ်မှု ကျူးလွန်သူများ လျော့နည်းပပျောက်ရေးအတွက် ပြစ်မှုကျူးလွန်တတ်သူများနှင့် ပြစ်မှုကျူးလွန်ရန် အလားအလာရှိသည့် လူဆိုးများကို စောင့်ကြပ်ထိန်းသိမ်းသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် သတင်းကျော်ဇောသူများ၊ ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် ကျူးလွန်လေ့ရှိသူများကိုလည်း ခြေချုပ်နှင့်ခံဝန်ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ပြီး နောက်ထပ်ပြစ်မှုများ မကျူးလွန်နိုင်စေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း။”

လှိုင်သာယာမြို့နယ်မှာ အိမ်ခြေ ၁၃၄၀၃၆၊ အိမ်ထောင်စု ၁၄၉၇၁၇၊ လူဦးရေ ၆၈၆၈၄၈ ဦး နေထိုင်နေကြတယ်လို့ သိရပါတယ်။

ဆက်စပ်မေးခွန်းအနေနဲ့ ရဲစခန်းအသစ် တည်ဆောက်ပေးဖို့ ရှိမရှိ မေးမြန်းရာမှာ ဝန်ကြီးက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကို သက်ဆိုင်ရာဌာနအနေနဲ့တင်ပြပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ပေးသွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013