DVB Logo
Home
မြန်မာသတင်း

မြန်မာပိုင်နက်ထဲ တရုတ်ကလာရောက် မြေတူးသည့်ကိစ္စ မူဆယ်အာဏာပိုင်အဖွဲ့ကန့်ကွက်

DVB
·
September 25, 2018
မြန်မာပိုင်နက်ထဲ တရုတ်ကလာရောက် မြေတူးသည့်ကိစ္စ မူဆယ်အာဏာပိုင်အဖွဲ့ကန့်ကွက်
Donate to DVB

မြန်မာနိုင်ငံပိုင်နက် နယ်နိမိတ်ထဲမှာ  တရုတ်နိုင်ငံဘက်ကနေ လာရောက် မြေတူးဖော်မှုကို မူဆယ်မြို့နယ် နယ်စပ်ဒေသအာဏာပိုင်အဖွဲ့က ကန့်ကွက်လွှာ ပေးပို့ဖြေရှင်းခဲ့တယ်လို့  ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်)မြို့၊ ဖိုင်ကောင်းကျေးရွာအုပ်စု၊ မန်ကျယ်ကျေးရွာရဲ့ မြောက်ဘက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မှာ  စက်တင်ဘာ ၁၉ ရက် မနက်က တရုတ် နိုင်ငံဘက်ကနေ မြန်မာနယ်နိမိတ်အတွင်း ကွန်ကရစ်နံရံ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်နေတဲ့အပေါ် မြန်မာနိုင်ငံက အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်ကွင်းဆင်းကြည့်ရှုပြီး  မူဆယ်မြို့နယ်စပ်ဒေသ အာဏာပိုင်အဖွဲ့က တရုတ်နိုင်ငံ ရွှေလီမြို့ ပြည်ပရေးရာဌာနသို့ ကန့်ကွက်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ကန့်ကွက်လွှာပြီးနောက် ညနေပိုင်းမှာ  တရုတ်နိုင်ငံဘက်က လာရောက်ဖယ်ရှား ရှင်းလင်းခဲ့ပေးခဲ့ပေမယ့် မြေတူးဖော်ထားတာဆက်ရှိနေလို့  စက်တင်ဘာ ၂၃ ရက်မနက်မှာ ဒေသခံတွေနဲ့ လယ်သမားတွေက သွားလာရေး အဆင်ပြေချောမွေ့စေဖို့ ပြန်လည်မြေဖို့ခဲ့ကြရတယ်လို့ အစိုးရ သတင်းမှာဖော်ပြပါတယ်။

ဓာတ်ပုံ-ကြေးမုံ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013