DVB Logo
Home
မြန်မာသတင်း
ရွှေတင်သွင်း၊ တင်ပို့ခွင့်ကို တနေရာတည်းဆောင်ရွက်နိုင်မည့် One Stop Service Center ဖွင့်လှစ်
DVB
·
September 24, 2018
ရွှေတင်သွင်း၊ တင်ပို့ခွင့်ကို တနေရာတည်းဆောင်ရွက်နိုင်မည့် One Stop Service Center ဖွင့်လှစ်
Donate to DVB

ရွှေကိုတင်သွင်းခွင့်၊ တင်ပို့ခွင့်ကို တနေရာတည်းမှာ အပြီး ဆောင်ရွက်နိုင်တဲ့  One Stop Service Center ကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley မှာ ဒီကနေ့  စတင်ဖွင့်လှစ်လိုက်ပါတယ်။

မြန်မာနိုင်ငံ ရွှေ၊ ရွှေဖြင့်ပြုလုပ်သော လက်ဝတ်ရတနာနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်း One Stop Service Center (OSSC) ဖွင့်လှစ်ခြင်းအခမ်းအနားကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတကာနဲ့ချိတ်ဆက်ထားတဲ့ အဲဒီရွှေဈေးကွက်ကနေ မြန်မာနိုင်ငံရဲ့ လိုအပ်နေတဲ့ နိုင်ငံခြား ဒေါ်လာငွေ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မယ်လို့ ပြောပါတယ်။

ရန်ကုန်ရွှေဈေးကွက်ကနေ နိုင်ငံတကာကို ရွှေတင်ပို့တဲ့နေရာမှာ တရားမဝင် လမ်းကြောင်း ကနေ တရားဝင်စနစ်ကို ပြောင်းလဲနေတာလို့လည်းဆိုပါတယ်။

ရွှေအရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာ တင်ပို့ချင်တဲ့နိုင်ငံကိုတခါတည်း တင်ပို့နိုင်အောင် အစိုးရဌာန ခွင့်ပြုလိုင်စင်တွေအပါအဝင် ကုန်စည်သယ်ယူပို့ဆောင်ရေးကုမ္ပဏီနဲ့ပါ သဘောတူ စာချွန်လွှာ လက်မှတ်ရေးထိုးထားပါတယ်။

မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က “ပြည်တွင်းကေ ရာင်းချတင်ပို့မယ့် ရွှေတွေကိုလည်း စနစ်တကျစစ်ဆေးပြီးတော့ တရားဝင်ငွေဖြူနဲ့ ဝယ်ယူ ရောင်းချတာ ဟုတ်မဟုတ်ကိုပါ စစ်ဆေးသွားမှာပါ။ ဒါအပြင်ဗဟိုဘဏ်နဲ့ ချိတ်ဆက်ပြီးတော့ ပြည်တွင်းလိုအပ်ချက်နဲ့ အညီနိုင်ငံတကာကို ရွှေတင်ပို့မှုတွေတင်သွင်းမှုတွေ ဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။

လတ်တလော ဖွင့်လှစ်ထားတဲ့ One Stop Service Centerဟာ ကနဦး စမ်းသပ်တည်ထောင်တာဖြစ်ပြီး မြန်မာပြည်မှာ ပထမဆုံးစတင်တဲ့ လုပ်ငန်းဖြစ်တာကြောင့် အခက်အခဲတွေ အများကြီး ရှိနိုင်တယ်လို့ဆိုပါတယ်။

One Stop Service Centerကို မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီနဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ဦးဆောင်တည်ထောင်ထားပြီး အစိုးရပိုင်းက ဆောင်ရွက်ရမယ့်ကိစ္စတွေကိုတော့ ရန်ကုန်တိုင်းအစိုးရကစိစစ်ပေးမှာပါ။

ဓာတ်ပုံ- ChiefMinisterOffice

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013