DVB Logo
Home
မြန်မာသတင်း
အောင်ရဲထွေးအသတ်ခံရမှု ပြန်စစ်ဆေးရန် တိုင်းတရားရုံး အမိန့်ချ
DVB
·
September 24, 2018
အောင်ရဲထွေးအသတ်ခံရမှု ပြန်စစ်ဆေးရန် တိုင်းတရားရုံး အမိန့်ချ
Donate to DVB

ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ သန်းထွဋ်အောင် အပါအဝင် ၃ ဦးကို ပြန်လည်စစ်ဆေးဖို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က စက်တင်ဘာ ၂၄ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။

ဒီအမှုကို မူလစစ်ဆေးခဲ့တဲ့ အရှေ့ပိုင်းခရိုင်တရားရုံးက ပြန်လည်စစ်ဆေးသွားမှာ ဖြစ်ပြီးတော့ စွပ်စွဲခံရသူတွေကို ဆင့်ခေါ်စာပေးပို့သွားမှာပါ။

ပြီးခဲ့တဲ့ နှစ်သစ်ကူးညကပွဲတခုမှာ လူတစ်စုရဲ့ထိုးနှက်မှုကြောင့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ပါတယ်။ အမှုမှာ လူသတ်မှုနဲ့ တရားစွဲခံထားရတဲ့ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇောတို့ကို အရှေ့ပိုင်းခရိုင်တရားရုံးက တိုင်းတရားသူကြီး ခွင့်ပြုချက်နဲ့ ကျေအေးခွင့် ပြုခဲ့ပြီး ဇူလိုင် ၂၅ ရက်နေ့က ပြန်လွှတ်ခဲ့လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာပါ။

ဒီဝေဖန်တာတွေ များလာပြီး  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ညွှန်ကြားချက်နဲ့ ဒီအမှုကို ပြန်စစ်ဆေးဖို့သင့်မသင့် ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ကြားနာခဲ့ပြီး စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ ပြန်စစ်ဆေးဖို့ တိုင်းတရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမှုမှာ တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို ကျပ်သိန်း ၇၂၀ လာဘ်စားပြီး အမှုရုပ်သိမ်းခွင့်ပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိလို့ အဂတိလိုက်စားမှုနဲ့ အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013