DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေများပျက်စီးမှု တောင်သူများ သတင်းစာရှင်လင်းပွဲပြုလုပ်
DVB
·
September 24, 2018
လယ်ယာမြေများပျက်စီးမှု တောင်သူများ သတင်းစာရှင်လင်းပွဲပြုလုပ်
Donate to DVB

ရေနုတ်မြောင်းတွေကို ပိတ်ဆို့ဆည်ခံကာ ငါးဖမ်းနေတဲ့အတွက် လယ်ယာမြေတွေ ပျက်စီးမှုရှိနေတဲ့အပေါ် ဌာနဆိုင်ရာအဆင့်ဆင့်ကို တင်ပြတိုင်ကြားပေမယ့်လည်း အရေးယူမှု မရှိတာကြောင့် ဒေသခံတောင်သူတွေက စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကျောက်တံခါးမြို့နယ် ဗောဓိကွင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ တောင်သူအင်အား ၄၀ လောက်က အဆိုပါရှင်းလင်းပွဲကို ပြုလုပ်ခဲ့တာပါ။

ရေကြီးနစ်မြုပ်မှုတွေကြောင့် တောင်သူတွေနစ်နာမှုရှိနေကြောင်း အထက်အဆင့်ဆင့်ကို တင်ပြတိုင်ကြားထားပေမယ့်လည်း အရေးယူဆောင်ရွက်မှုတွေရှိဘူးလို့ တောင်သူတဦးက ပြောပါတယ်။

“စိုက်ပျိုးချိန်မှာ ဆည်လာခံထားတဲ့အတွက် အပြန်ပြန် အလှန်လှန် စိုက်ပျိုးရတယ်။ ရာသီအချိန်မီ စိုက်ပျိုးနိုင်ခဲ့တာလည်း ရှိသလို မစိုက်ပျိုးနိုင်တော့တဲ့အတွက် မြေလွတ်နေတာ တွေလည်း ရှိတယ်။ အကြိမ်ကြိမ်စိုက်ပျိုးရတဲ့အတွက် ကုန်ကျမှုတွေ ပိုများတယ်။ ဆောင်သီးနှံ ကိုလည်း အချိန်မီ မစိုက်ပျိုးနိုင်တာတွေလည်း ရှိတယ်။ အဲဒါတွေကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လယ်ဆည်ဝန်ကြီးဌာနအထိ တင်ပြတိုင်ကြားခဲ့တယ်။ ဒါပေမယ့် အခုအထိ အရေးယူဆောင်ရွက်တာ မရှိဘူး” လို့ ဗောဓိကွင်းကျေးရွာမှ တောင်သူဦးသန်းလွင်က ပြောပါတယ်။

တင်ပြတိုင်ကြားတာတွေရှိပေမယ့်လည်း မိမိထက်ရာထူးရှိသူမှ မဆောင်ရွက်တဲ့အတွက် မိမိမှာ မဆောင်ရွက်ပေးတာဖြစ်ကြောင်း ကျေးလက်မြေစီအဖွဲ့ဝင် ဦးအေးကျော်က ပြောပါတယ်။

ဗောဓိကွင်းကျေးရွာအုပ်စုအတွင်းမှာ လယ်မြေဧကပေါင်း ၄၀၀၀ ကျော်ရှိပြီး နှစ်စဉ် ရေကြီးနစ်မြုပ်တဲ့အတွက် လယ်မြေဧက ၂၅၀ ကျော်ပျက်စီးနေရပြီး စိုက်ပျိုးချိန်မမီ တာကြောင့် လယ်ယာမြေတွေကို ကွက်လပ်ကျန်နေမှုတွေလည်းရှိတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013