DVB Logo
Home
မြန်မာသတင်း
အစိုးရ၏ စီးပွားရေးဆောင်ရွက်ချက်များကို အားမရဟု တစညပါတီပြော
DVB
·
September 24, 2018
အစိုးရ၏ စီးပွားရေးဆောင်ရွက်ချက်များကို အားမရဟု တစညပါတီပြော
1 / 6
Donate to DVB

အန်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးဆိုင်ရာဆောင်ရွက်ချက်တွေကို အားမရဘူးလို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားလိုက်ပါတယ်။

မဆလပါတီဝင်ဟောင်းတွေကို အခြေခံထားတဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီရဲ့ နှစ်သုံးဆယ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ကျင်းပရာမှာ ပြောကြားခဲ့တာပါ။

လက်ရှိအချိန်မှာ မျှော်မှန်းထားသလောက် အောင်မြင်မှုမရသေးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်မှုရအောင်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုအားကောင်း လာအောင် ဆောင်ရွက်ပေးဖို့လည်း တစညပါတီက အစိုးရကို တိုက်တွန်းပါတယ်။

တစညပါတီဟာ လက်ရှိအချိန်မှာ ပါတီဝင်အင်အား လေးသိန်းကျော်ရှိပြီး နိုင်ငံတဝန်းမှာ ပါတီရုံးတွေ ဖွင့်လှစ်ထားပါတယ်။

တစညပါတီဟာ ၁၉၈၈ ခုနှစ်မှာ အာဏာရှင် ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ကို အသွင်ပြောင်းပြီး ထူထောင်ခဲ့တဲ့ ပါတီလည်းဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013