DVB Logo
Home
မြန်မာသတင်း
ခေတ်မီသားဆက်ခြားနည်းလမ်း  မြန်မာအမျိုးသမီးအားလုံးအတွက် လက်လှမ်းမမီသေး
DVB
·
September 24, 2018
ခေတ်မီသားဆက်ခြားနည်းလမ်း  မြန်မာအမျိုးသမီးအားလုံးအတွက် လက်လှမ်းမမီသေး
Donate to DVB

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအနေနဲ့ ခေတ်မီ သားဆက်ခြားနည်းလမ်းတွေကို ရယူလိုပေမယ့် အမျိုးသမီးအားလုံးအတွက် လက်လှမ်းမမီ နိုင်သေးတဲ့အနေအထားတွေမှာ ရှိနေသေးတယ်လို့ သိရပါတယ်။

၂ဝ၁၅-၁၆ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ စစ်တမ်းအရ အိမ်ထောင်ရှင်အမျိုးသမီး ၅၁ ရာခိုင်နှုန်းကသာ ခေတ်မီသားဆက်ခြား နည်းလမ်းတွေကို သုံးစွဲနေပေမယ့် ၂ဝ၁၈ ခုနှစ်မှာတော့သုံးစွဲသူ ၅၇ ရာခိုင်နှုန်းထိ တိုးတက်လာပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်မှာ မိသားစုစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၃ သန်း ရင်းနှီးမြှုပ်နှံထားတာသလို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေနဲ့ သားဆက်ခြားနည်းတွေကို အမျိုးသမီးတွေ လက်လှမ်းမီအောင်ရရှိနိုင်ဖို့ အတွက် အခမဲ့ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးနေပါတယ်။

ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့အခမ်းအနားကို စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ကနောင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

သားဆက်ခြားနည်းလမ်းတွေကိုသိရှိနားလည်ပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်တွေနဲ့ သားပျက်သားလျှောဖြစ်ပွားမှု လျော့ကျစေဖို့နဲ့ မျိုးဆက်ပွားနိုင်တဲ့ အသက်အရွယ်ရှိတဲ့ အမျိုးသမီးတွေ သားဆက်ခြားဝန်ဆောင်မှုကို အဆင်ပြေပြေရရှိလာစေဖို့ ရည်ရွယ်ပြီး ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာပါ။

ဒီအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေ အမျိုးသမီးတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ခေတ်မီသားဆက်ခြားနည်းလမ်း  မြန်မာအမျိုးသမီးအားလုံးအတွက် လက်လှမ်းမမီသေး