DVB Logo
Home
မြန်မာသတင်း
ဆွာချောင်းရေလွှမ်းခံရွာများကို စံပြကျေးရွာအဖြစ် စနစ်တကျတည်ဆောက်ရန် ဒုသမ္မတ ပြော
DVB
·
September 23, 2018
ဆွာချောင်းရေလွှမ်းခံရွာများကို စံပြကျေးရွာအဖြစ် စနစ်တကျတည်ဆောက်ရန် ဒုသမ္မတ ပြော
Donate to DVB

ဆွာချောင်းရေလွှမ်းမိုးခံရတဲ့ ကျေးရွာများပြောင်းရွှေ့စုစည်းပြီး စံပြကျေးရွာအဖြစ် စနစ်တကျတည်ဆောက်ပေးလို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်က ပဲခူးတိုင်း၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ယာယီ ရှင်းလင်းဆောင်ကို ရောက်ရှိတုန်း ဒုသမ္မတ က ပြောခဲ့တာ ဖြစ်ပါတယ်။

“ဆွာချောင်းရေလွှမ်းမိုးခံရသည့် ကျေးရွာများပြောင်းရွှေ့စုစည်း၍ စံပြကျေးရွာ အဖြစ် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျတည်ဆောက်နိုင်ရေး၊ မြေအနေအထားပေါ် မူတည်၍ အိမ်ထောင်စုများအတွက် လုံလောက်သည့်အကျယ်အဝန်းကို ဆောင်ရွက်ပေးနိုင်ရေး၊ တမံနှင့် ရေပိုလွှဲ အသစ်တည်ဆောက်ရာတွင် နေရာရွေးချယ်မှုမှန်ကန်ရေး၊ ဆောက်လုပ်ရာ တွင်လည်း ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ ရှုမြင်၍ ရေရှည်တည်တံ့ခိုင်မြဲ အောင်တည်ဆောက်သွားရေး၊ ရေပိုလွှဲတည်ဆောက် မည့်ကာလအတွင်း စိုက်ပျိုးရေ ပေးဝေနိုင်ရေးနှင့် တမံလုံခြုံရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ စဉ်ဆက်မပြတ်ကြပ်မတ် ဆောင်ရွက်သွားနိုင်ရေးတို့” လုပ်ဆောင်ဖို့ သမ္မတက ပြောကြားခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းတမံပင်မရေပိုလွှဲ ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်စု ၁၈ စုအတွင်းရှိ ရေနောက်မျောပါသွားခဲ့ရတဲ့ လူနေအိမ် ၁၆၁ လုံးကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်က အခမဲ့တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013