DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားဟောင်းများကို အစိုးရ ပစ်ပယ်ထားဟု ကိုမင်းဇေယျ ပြော
DVB
·
September 23, 2018
နိုင်ငံရေးအကျဉ်းသားဟောင်းများကို အစိုးရ ပစ်ပယ်ထားဟု ကိုမင်းဇေယျ ပြော
1 / 4
Donate to DVB

နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အစိုးရက သစ်ခုတ်သမားတွေလို ပစ်ပယ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းဇေယျက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တိုက်ကြီးမြို့မှာ ဒီနေ့ကျင်းပတဲ့ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်နေ့ စစ်အာဏာရှင်ခေတ် အင်းစိန်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ သမိုင်းဝင် သပိတ်တိုက်ပွဲ ၂၈ နှစ်မြောက် စကားဝိုင်းမှာ အခုလိုပြောကြားခဲ့တာပါ။

“ကျနော်တို့တွေ ၁၉၉၀ ခုနှစ်က အန်အယ်လ်ဒီပါတီအနိုင်ရပြီး စစ်အစိုးရက အာဏာ မလွှဲပေးတဲ့အတွက် ထောင်ထဲမှာ သပိတ်မှောက်ခဲ့တယ်။ အသက်တွေ သွေးတွေ ပေးဆပ်ခဲ့ ရတယ်။ အပြင်ပြန်ရောက်တော့လည်း ရပ်တည်ဖို့အရမ်းခက်ခဲတယ်။ ဘယ်အဖွဲ့အစည်းကမှ မထောက်ပံ့ဘူး။ လက်ရှိအစိုးရကိုလည်း ကျနော်တို့စာတင်ပြီး တောင်းသလို နှုတ်နဲ့လည်း တောင်းဆိုထားတာတွေ ရှိတယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ သားသမီးတွေရဲ့ ပညာရေးကို ထောက်ပံ့ပေးဖို့ ခုချိန်ထိတော့ ဘာမှာဖြစ်မလာသေးဘူး။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အစိုးရက ကျနော်တို့ကို သစ်ခုတ်သမားတွေလို ပစ်ပယ်ထားတယ်"လို့ပြောပါတယ်။

ကြည်မြင်တိုင်မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက “လက်ရှိအချိန်မှာ အစိုးရအနေနဲ့ မီးရထားတွဲလိုသွားနေချိန်မှာ အစိုးရအနေနဲ့ အားလုံးကို ဆွဲခေါ်ပြီး သွားနေပေမယ့် ဌာနဆိုင်ရာတွေက လိုက်ပါလာတာ မရှိတဲ့အတွက် အခက်အခဲတွေ ဖြစ်နေတယ်။ ဒါကို နားလည်ပေးစေချင်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေအသံကိုနားထောင်းပြီး လုပ်ဆောင်ပေးနေပါတယ်" လို့ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက်အမေ့အိမ် ဥယျာဉ်ခြံမှာ ၂၈ နှစ်မြောက် နိုင်ငံရေးအကျဉ်းသားများ တွေ့ဆုံစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ပြီး လူဦးရေ ၄၀ ကျော်တက်ရောက်ခဲ့ပါတယ်။

လက်ရှိ တိုက်ကြီးမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် သစ်တောမြေပေါ်မှာ နိုင်ကျဉ်းတို့ရဲ့ နားခိုရာခေါင်းစဉ်နဲ့ မြေနေရာတောင်းဆိုခဲ့ရာ သစ်တောဦးစီးဌာနက သစ်တောမြေအဖြစ်မှ ၃ ဧကခန့် ပယ်ဖျက်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013