DVB Logo
Home
မြန်မာသတင်း
ချောက်မြို့တွင် အမျိုးသမီး ၃၀၀ ကို သားအိမ်ခေါင်းကင်ဆာရှိမရှိ အခမဲ့စစ်ဆေးပေး
DVB
·
September 23, 2018
ချောက်မြို့တွင် အမျိုးသမီး ၃၀၀ ကို သားအိမ်ခေါင်းကင်ဆာရှိမရှိ အခမဲ့စစ်ဆေးပေး
1 / 2
Donate to DVB

ချောက်မြို့နယ်မှာ အမျိုးသမီးတွေကို သားအိမ်​​ခေါင်းကင်​ဆာရောဂါ ရှိမရှိ  ကြိုတင်စမ်းသပ်စစ်ဆေးတာတွေ အခမဲ့ပြုလုပ်ပေးခဲ့ပြီး အမျိုးသမီး ၁၀ ရာခိုင်နှုန်းအထိ ရောဂါ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မ​ကွေး​ဆေးတက္ကသိုလ်​ သားဖွားမီးယပ်​ပညာဌာနနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ချောက်မြို့) တို့ ပူးပေါင်းပြီး မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်​မြို့နယ်​ အမှတ်​ ၁၀ ရပ်​ ​အေး​စေတီမြတ်​စွာ ဘုရား​ခြေ​တော်​ရင်းရှိ ​ရွှေပါရမီ ကျန်းမာ​ရေးအလှူ ​မေတ္တာဆေးခန်းမှာ မနေ့မနက်ပိုင်းက ပြုလုပ်ပေးနေတာပါ။

 ​ချောက်​မြို့နယ်​အန်အယ်လ်ဒီ ဥက္ကဋ္ဌ၊ ​ရွှေပါရမီ ​ဆေးခန်း ​ဆရာဝန်​ ​ဒေါက်​တာ​မောင်​​မောင်​​ကျော်​က “ကျနော်တို့​တို့လည်း လူ ၃၀၀ မှာ ၃၀ နှုန်းဆို​တော့ ၁၀ ​ရာခိုင်​နှုန်း​လောက်​အထိ​ တွေ့တယ်​၊ ​တော်​​တော်​​လေး​တွေ့တဲ့နှုန်းများတယ်​။ ၅ ရာခိုင်​နှုန်းထားဦး ​တော်​​တော်​အကျိုးရှိတဲ့ သ​ဘောလို့​တော့ ရှိပါတယ်​။ တ​မြို့နယ်​လုံးဆိုရင်​ ​တော်​​တော်​များများ ရှိနိုင်​တဲ့သ​ဘော​ပေါ့။ တ​မြို့နယ်​လုံး အမျိုးသမီး သုံး​သောင်း​ဆိုရင်​ သုံး​ထောင်​၊ သုံး​ထောင် ​မဟုတ်​​တောင်​ (၁၅၀၀)က​တော့ အစစ်​အမှန်​ဖြစ်​နိုင်​တယ်​။ အဲဒီ​တော့ ၁၅၀၀ နဲ့ ၃၀၀၀ ကြား ​တွေ့ရှိမှုက အမျိုးသမီး​တွေအတွက်​​တော့ ​တော်​​တော်​ အကျိုးရှိလာပါမယ်​” လို့ ပြောပါတယ်။

စမ်းသပ်စစ်ဆေးမှုအား အသက်​ ၃၀ မှ ၅၀ ကြား အမျိုးသမီးတွေကို ​ကျေးလက်​အထိ လိုက်​လံနှိုး​စော်​​ခေါ်ယူပြီး မ​ကွေးတိုင်းမှ သားဖွားမီးယပ်​အထူးကု ၇ ​ဦး၊ အထူးကုသင်​တန်းတက်​​နေ​တဲ့ ဆရာဝန်​ ၂ ​ဦး၊ လက်​​ထောက်​ဆရာဝန်​ ၁ ဦး၊ သားဖွားမီးယပ်​ ဆရာဝန်​ ၃ ဦးတို့ လာ​ရောက်​ စမ်းသပ်​​ပေးခဲ့တာပါ။

ကုသ​ပေး​ရေးအဖွဲ့မှ မ​ကွေး​ဆေးတက္ကသိုလ်​ သားဖွားမီးယပ်​ပညာဌာန ပါ​မောက္ခဌာနမှူး ​ဒေါက်​တာခင်​​မေသင်းက အခုလာ​ရောက်​ကုသတာဟာ ကင်​ဆာ​ရောဂါကို ရှာ​ဖွေကုသ​နေတာ မဟုတ်​ဘဲ ကင်​ဆာ ကြိုအဆင့်ကို ရှာ​ဖွေ​နေတာလို့ ပြောပါတယ်။

“အခု​ချောက်​မြို့မှာ ကြိုအဆင့်​တွေ လာ​ရောက်​ရှာ​ဖွေပြီး ​တွေ့ရှိပြီဆိုရင်​လည်း တိုင်း​ဆေးရုံမှာ​ခေါ်ပြီး ကုသ​ပေးဖို့ အစီစဉ်​ရှိပါတယ်​။ အဲဒီမှာလည်း အခမဲ့ပါဘဲ ​ဆေးရုံတက်​စရာမလိုပါဘူး။ ပြင်​ပလူနာဌာနမှာပဲ ​နေ့လယ်လာ ​ရေခဲ​သေနတ်​နဲ့တို့ နာရီဝက်​​နေရင် ​ပြန်​လို့ရပါပြီ၊. နောက်​တ​နည်းက​တော့ ၂၊ ၃ ​လောက်​ဖြစ်​ရင်​ ဆရာမတို့က (လိ) လို့​ ခေါ်​တဲ့ ဝါယာလု​လေးနဲ့ လျှပ်​စစ်​မီးနဲ့ ရှို့ပြီးသားအိမ်​​ခေါင်းကို ဖြတ်​ထုတ်တဲ့ အဆင်​ရှိပါ​သေးတယ်​။ ဒီမှာ​တော့ အမျိုးသမီး​တွေ နားရှုပ်​မှာစိုးလို့ မရှင်းပြဘူး။ အဆင့် ၁ နဲ့ ၂ ဆိုရင်​ ​ရေခဲ​သေနတ်​​လေးနဲ့ တို့မယ်၊​ ၃ နဲ့ ၄ ဆိုရင်​ ဝါယာလု လေးနဲ့ ဖြတ်​ထုပ်​နည်းသုံးမယ်​။ ဆိုလိုတာ​က​တော့ အရင်​​ခေတ်​ကလို သားအိမ်​ကို ထုတ်​ပစ်​စရာမလို​တော့ဘူး​ပေါ့။ အများစုဟာလည်း အသက်​ ၄၀ ​အောက်​​တွေဖြစ်​​နေလို့ အမျိုးသမီး သားအိမ်​ ထုတ်​မယ်​ဆိုရင်​ ကျန်​မာ​ရေး ထိခိုက်​မှု​တွေရှိမယ်။ ဒါာ​ကြောင့်​ သားအိမ်​​ခေါင်းကို ​ရေခဲနဲ့တို့ခြင်း၊ လျှပ်​စစ်​မီးနဲ့ ဖြတ်​​တောက်​ခြင်း ဒါ​လေး​တွေ ​ဆောင်​ရွက်​​နေပါတယ်​” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆေးစစ်မှုခံယူတဲ့ မနွယ်​မာဝင်းက ”ဆရာဝန်​​တွေ ညွှန်​ကြားသလိုထက်​ ကိုယ်​ကျန်းမာ​ရေးအသိနဲ့ စစ်​သင့်တယ်​လို့ ညီမက​တော့ထင်​တယ်​။ ဘာလို့လည်းဆိုရင်​ သားအိမ်​​ခေါင်း ကင်​ဆာနဲ့ ပတ်​သက်​ပြီး အမျိုးသမီး​တော်​​တော်​များများက မစစ်​​ဆေးဖြစ်​ဘူး​ပေါ့၊ မစစ်​​ဆေးဖြစ်​တာကလည်း မစစ်​ဖြစ်​တာကလည်း ရှက်​တာပါတယ်​။ ​နောက်​ ​စော​စောက ဆရာမ​ပြောသလို ​ရောဂါ​တော်​​တော်​ဆိုးဝါးမှ သိကြတာလည်းပါတယ်​။ ဆရာ​တွေ​ပြောသလို စစ်​သင့်တယ်၊​ အရမ်းဆိုးဆိုးဝါးဝါးဆိုမှ အချိန်​​နှောင်း​နေပြီ​ပေါ့။ ဒီသားအိမ်​​ခေါင်း ကင်​ဆာနဲ့ ပတ်​သက်​ပြီး စစ်​ပြီး ကြိုတင်​ကာကွယ်​​ဆေး ထိုးထားရင်​ အ​ကောင်းဆုံးပါပဲ” လို့ ​ပြောပါတယ်​။

သတင်း - ကိုလင်း (ချောက်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013