DVB Logo
Home
မြန်မာသတင်း
ဆက်​သွယ်​​ရေးတာဝါတိုင်​​ပေါ်မှ တပ်​မ​တော်​သား ၁ ​ဦး ပြုတ်​ကျ​သေဆုံး
DVB
·
September 23, 2018
ဆက်​သွယ်​​ရေးတာဝါတိုင်​​ပေါ်မှ တပ်​မ​တော်​သား ၁ ​ဦး ပြုတ်​ကျ​သေဆုံး
Donate to DVB

မ​ကွေး​တိုင်း​ဒေသကြီး ​ချောက်​မြို့၊ အမှတ်​ ၁၄ စစ်​ကွင်းရပ်​ ခ.လ.ရ (၁၃) တပ်​ဝန်းအတွင်း ရှိ ဆက်​သွယ်​​ရေးတာဝါတိုင်​​ပေါ်မှ တပ်​မ​တော်​သားတဦး ပြုတ်​ကျ ​သေဆုံးခဲ့တယ်လို့ ​ချောက်​မြို့မရဲစခန်းမှ သိရပါတယ်​။

စက်​တင်​ဘာ ၂၂ ရက်​ ည ၅ နာရီခွဲလောက်က အမှတ်​(၂) အဆင့်မြင့် ဆက်​သွယ်​မှု တပ်​ရင်း မုံရွာ​မြို့နယ်​မှ ဆိပ်​ဖြူမြို့နယ်​ကို တာဝန်​​ပေးအပ်​ခံရတဲ့ တပ်​ကြပ်​ညီညီဝင်း ဟာ ဆိပ်​ဖြူ -​ချောက်​ (Micro Link) မ​ကောင်းတဲ့အတွက် ၄၆ မီတာ အမြင့်ရှိ ဆက်​သွယ်​​ရေး တာဝါတိုင်​​ပေါ်တက်​ပြီး Outdoor Unit ​ကောင်းမ​ကောင်း စစ်​​ဆေးကာ ပြန်​အဆင်း အမြင့်(၄၀)မီတာလောက်မှ ပြုတ်​ကျသေဆုံးခဲ့တာပါ။

ဘယ်​​ခြေသလုံးကျိုး၊ ယာ​ပေါင်​ကျိုး၊ ဦး​ခေါင်း​ပေါက်​ပြဲ ဒဏ်​ရာတွေနဲ့ ​သေဆုံးသွား​ခဲ့ရပြီး ခ.လ.ရ (၁၃) မှ ဗိုလ်​ကြီး​အောင်​ပြည့်ဖြိုး သတင်း​ပေးချက်​အရ အခင်းဖြစ်​​နေရာကို သွား​ရောက်​ စစ်​​ဆေးခဲ့ရတယ်​လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်​။

အဆိုပါ ​သေဆုံးမှုကို ဓမ္မတာအတိုင်း​သေဆုံးခြင်း ဟုတ်​မဟုတ်​ ​သေမှု​သေခင်းအမှတ်​ (၅/၂၀၁၈) နဲ့ မှုဖွင့်ပြီး ​ချောက်​မြို့မစခန်းမှူးက အမှုလက်​ခံ စစ်​​ဆေးနေ​ရှိတယ်​လို့ သိရပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013