DVB Logo
Home
မြန်မာသတင်း
မုတ်သုန်လေ ဆုတ်ခွာချိန် သတိထားရန် မိုးဇလပညာရှင် ပြော
DVB
·
September 23, 2018
မုတ်သုန်လေ ဆုတ်ခွာချိန် သတိထားရန် မိုးဇလပညာရှင် ပြော
1 / 2
Donate to DVB

အနောက်တောင်မုတ်သုန်လေဟာ စက်တင်ဘာ ၂၂ရက်မှာ မြစ်ဝကျွန်းပေါ်ဒေသကနေ ဆုတ်ခွာသွားပြီလို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

 မုတ်သုန်ဆုတ်ခွာချိန်မှာ မိုးတိမ်တောင်ကြောင့် ဖြစ်ပေါ်တတ်တဲ့ မိုးကြိုးပစ်တာ စိုက်ဆင်းလေပြင်း တိုက်ခတ်တာတွေကို သတိထားနေထိုင်ကြဖို့လည်း ဦးထွန်းလွင်က ခုလို သတိပေးထားပါတယ်။

“မုတ်သုံလေဆုတ်ခွာနေစဉ်ကာလတွင် မွန်းလွဲ၊ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်တတ်ပါတယ်။ မိုးခြိမ်းခြင်း၊ လျပ်စီးလက်ခြင်း၊ နေရာကွက် မိုးသည်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။ ရံဖန်ရံခါ လေဆင်နှာမောင်းနဲ့ စိုက်ဆင်းလေပြင်းတွေပါ တိုက်ခတ် တတ်ပါတယ်။ အဆိုပါဖြစ်စဉ်များဟာ မုတ်သုံလေဆုတ်ခွာပြီး ၁ ပတ်ခန့်အကြာလောက်မှ တဖြည်းဖြည်းလျော့နည်းသွားတတ်ကြပါတယ်။”

အနောက်တောင်မုတ်သုန်လေဟာ ပြီးခဲ့တဲ့ မေလအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသ တွေကနေ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး မိုးလယ်ကာလတွေဖြစ်တဲ့ ဇူလိုင်နဲ့ သြဂုတ်လတို့မှာ မုတ်သုန်လေအား အလွန်ကောင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013