DVB Logo
Home
မြန်မာသတင်း
မြေယာပြဿနာ စိတ်ထားဖြောင့်မတ်ပြီး စေတနာမှန်ဖြင့် ဖြေရှင်းပေးရန် ဒုသမ္မတတိုက်တွန်း
DVB
·
September 23, 2018
မြေယာပြဿနာ စိတ်ထားဖြောင့်မတ်ပြီး စေတနာမှန်ဖြင့် ဖြေရှင်းပေးရန် ဒုသမ္မတတိုက်တွန်း
Donate to DVB

သိမ်းဆည်းမြေယာပြဿနာဟာ ရှုတ်ထွေးနက်ရှိုင်းတာကြောင့် မြေယာဆိုင်ရာ ပြဿနာများဖြေရှင်းရာမှာ ပါဝင်သူတွေအနေနဲ့ စိတ်ထားဖြောင့်မတ်ပြီး စိတ်ရင်းစေတနာမှန်မှန်နဲ့ ဖြေရှင်းပေးကြဖို့ ဒုသမ္မတက တိုက်တွန်းလိုက်ပါတယ်။

မနေ့ကျ ကျင်းပတဲ့ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ တောပြာကြီး ကျေးရွာအုပ်စုအတွင်း စက်မှုဝန်ကြီးဌာနနဲ့ မြန်မာ့ဆေးဝါးလုပ်ငန်းက သိမ်းဆည်းထားတဲ့ မြေ ၃၃၂ ဧကကို မူလတောင်သူ ၂၇ ဦးထံ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၃ တွေ ပြန်လည် လွှဲပြောင်းပေးအပ်တဲ့အခမ်းအနားမှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့တာပါ။

“သိမ်းဆည်းမြေဆိုင်ရာပြဿနာအချို့သည် ရှုပ်ထွေးနက်ရှိုင်းမှုရှိပါကြောင်း။ မြေယာ ဆိုင်ရာ ပြဿနာများဖြေရှင်းရာတွင် ပါဝင်သူများအနေဖြင့် စိတ်ထားဖြောင့်မတ်ပြီး မိမိ၏ အတွေ့အကြုံ၊ အရည်အချင်းနှင့် ထိုးထွင်းဉာဏ်တို့ဖြင့် စိတ်ရင်းစေတနာ မှန်မှန်ကန်ကန် ထား၍ ဆောင်ရွက်ပေးကြရန်မှာကြားလိုပါကြောင်း။”

သိမ်းဆည်းမြေကိစ္စ တိုင်ကြားစာတွေ စိစစ်ရာမှာ အချို့တင်ပြချက်တွေဟာ တရားရုံးမှာ ဆုံးဖြတ်ချက်ချပြီး ဥပဒေကြောင်းအရ လက်လွတ်ဆုံးရှုံးရမှုတွေ၊ ပုဂ္ဂလိကအချင်းချင်း ပိုင်ဆိုင်မှု အငြင်းပွားမှုတွေ၊ လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုတွေနဲ့ မြေလွတ်မြေလပ် မြေရိုင်း လုပ်ပိုင်ခွင့် အငြင်းပွားမှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအသုံးပြုနိုင်ခြင်းမရှိဘဲ မစွန့်လွှတ်သေးတဲ့ မြေယာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက အမြန်ပြန်လည်စွန့်လွှတ်ရေး၊ စွန့်လွှတ်ပြီးတဲ့ မြေယာတွေကို မူလသက်ဆိုင်သူ တောင်သူတွေလက်ဝယ် အမြန်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက်လည်း တွန်းအားပေးနေတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ တောင်သူတွေရဲ့ လူမှုစီးပွား ဖူလုံစေရေးအတွက် အရေးပါတဲ့ မြေယာတွေကို တောင်သူတွေ အတတ်နိုင်ဆုံး အသုံးချ နိုင်စေဖို့ စီမံကိန်းတွေမှာ အသုံးမပြုတဲ့ မြေတွေကို စိစစ်ပြီး အခုလို မူလပိုင်ရှင်ထံပြန်လည်ပေးအပ်ခဲ့တာလို့ ဒုသမ္မတက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013