DVB Logo
Home
မြန်မာသတင်း
လွတ်မြောက်ဆဲ အကျဉ်းသား ၁၈ ဦး ဖမ်းမိရေး လုပ်ဆောင်နေဟု ရဲပြော
DVB
·
September 23, 2018
လွတ်မြောက်ဆဲ အကျဉ်းသား ၁၈ ဦး ဖမ်းမိရေး လုပ်ဆောင်နေဟု ရဲပြော
Donate to DVB

ဘားအံအကျဉ်းထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်နေဆဲ အကျဉ်းသား ၁၈ ယောက်ကို ဖမ်းဆီးနိုင်ရေးအတွက် ရှာဖွေပိတ်ဆို့ စစ်ဆေးတာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အကျဉ်းသား ၄၂ ယောက်ဟာ ဘားအံထောင်ကနေ စက်တင်ဘာ ၁၆ ရက်ေန့က ထွက်ပြေးသွားတဲ့အတွက် လိုက်လံဖမ်းဆီးရာ စက်တင်ဘာ ၂၂ ရက်နေ့အထိ ၂၄ ယောက်ကို ဖမ်းမိထားပါတယ်။

ထွက်ပြေးတဲ့ အကျဉ်းသားတွေဟာ ထောင်ကျ အကျဉ်းသား ၃၀ နဲ့ တရားရုံး စစ်ဆေးဆဲ အချုပ်သား ၁၂ ယောက် ဖြစ်ပါတယ်။

လွတ်နေတဲ့ အကျဉ်းသားတွေကို ဖမ်းမိရေးအတွက် နယ်မြေခံ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊ ရပ်ကျေးအဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်း ရှာဖွေနေတယ်လို့လည်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဘားအံအကျဉ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို လက်မခံထားကြဖို့၊ လက်ခံထားသူတွေအနေနဲ့ ရာဇသတ်ကြီး ပုဒ်မ ၂၁၆ အရ  ထောင်ဒဏ် ၇ နှစ် ကျခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ကနေ အကျဉ်းသား ၄၂ ယောက် ထွက်ပြေးလွတ်မြောက်သွားပြီးနောက် နိုင်ငံတ၀န်းအကျဉ်းထောင်တွေမှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013