DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 22, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆ဝ ဝင် တအိတ်ကို ၄၈၅ဝဝ  ပေါက်ဈေးရှိပြီး တအိတ် ကို ၃ဝဝ ကျပ် တက်လာပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ် ကို ၅၂ဝဝဝ ကနေ ၅၅ ဝဝဝ ပေါက်ဈေရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၆၅ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ပဲစင်းငုံနီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီက တအိတ်ကို ၃၈ဝဝဝ ကနေ ၄၃ဝဝဝဝ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၂၃ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၆ဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၇ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ကုလားပဲ v2

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က ၅၇ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၇၆၂ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၄ဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၅၈၅ဝ ကနေ ၇၈၆ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၄ဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူ နဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၃၅ဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

နှမ်းညို

ပခုက္ကူကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာ ဝင် တအိတ်ကို ၁၄၅၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၆ဝဝ ကျပ်ဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၄၁၇၅ဝ ကျပ်ပေါက်ဈေးရှိပြီး တအိတ်ကို ၂၂၅ဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူ နဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၃၇၅ဝ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

 

နှမ်းနက်(စမုံ)

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ နှမ်းနက်(စမုံ)က တအိတ်ကို ၂၄ဝဝဝဝ ကနေ ၂၅၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝဝ ကျပ်ဈေးတက်ာလပါတယ်။

အောင်လံကုန်စည်ဒိုင်မှာတော့ တိတ်ကို ၂၄၅ဝဝဝ ကနေ ၂၄၈ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေး နဲ့ အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၇ဝဝဝ ဈေးကွာခြားမှုရှိပါတယ်။

 

နှမ်းနက်

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်က တအိတ်ကို ၂ဝဝဝဝဝ ကနေ ၂၂ဝဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၂ဝဝဝဝ ကျပ်ဈေးတက်လာပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၁ဝဝဝဝ ကနေ ၂၃၄ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

မန္တလေး နဲ့မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁၄ဝဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013