DVB Logo
Home
မြန်မာသတင်း
ရန်ကင်းကလေးဆေးရုံ ကုတင် ၁၀၀ ဆံ့ တိုးချဲ့ဆောင်သစ် ဖွင့်လှစ်
DVB
·
September 22, 2018
ရန်ကင်းကလေးဆေးရုံ ကုတင် ၁၀၀ ဆံ့ တိုးချဲ့ဆောင်သစ် ဖွင့်လှစ်
Donate to DVB

ရန်ကုန်မြို့၊ ရန်ကင်းကလေးဆေးရုံကြီးဝင်းအတွင်း ကုတင် ၁၀၀ ဆံ့၊ ၆ ထပ် တိုးချဲ့ဆောင်သစ်ကြီးကို အောက်တိုဘာ ၂၂ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီတိုးချဲ့ဆောင်ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ခွင့်ပြုငွေနဲ့ ၂၀၁၆ နှစ်ဆန်းပိုင်းမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ကုတင် ၁၀၀ ဆံ့ တိုးချဲ့ဆောင်သစ်ကြီးကို မြန်မာငွေကျပ်သန်းပေါင်း ၄၆၀၃ သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့တာပါ။

အဲဒီအဆောင်မှာ နိုင်တကာ အဆင့်မီ နှလုံးခွဲစိတ်ကုသပေးမှုတွေ၊ ရောဂါရှာဖွေရေးလုပ်ငန်းတွေနဲ့ သွေးလှူဘဏ်ဌာနတွေ ဖွင့်လှစ်ကာနှလုံးနဲ့ သွေးကြောခွဲစိတ်ကုသပေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ရန်ကင်းကလေးဆေးရုံကြီးမှာ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးတွေကို ဂျပန်၊ ယူကေနိုင်ငံတွေက ဆေးပညာရှင်တွေနဲ့ ပူးပေါင်းကာ ခွဲစိတ်ကုပေးမှုတွေ လုပ်ဆောင်ပေးနေတာပါ။

အဲဒီအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဆေးရုံအုပ်ကြီးတွေ၊ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ရန်ကင်းကလေးဆေးရုံကြီးကို ၂၀၁၁ ခုနှစ်မှာ ကုတင် ၅၅၀ ဆံ့ ဆးရုံတခုအနေနဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

သတင်း၊ဓာတ်ပုံ---ဆုဆုသွယ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013